Skip to main content

နေပြည်တော်ကောင်စီနယ်မြေအတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာ အေးချမ်း သာယာရေးလုပ်ငန်းများတွင် စွမ်းစွမ်းတမံဆောင်ရွက်ခဲ့ကြသော လုံခြုံရေး တပ်ဖွဲ့ဝင်များအား ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်

နေပြည်တော်၊ အောက်တိုဘာ - ၂၂

 

နေပြည်တော်ကောင်စီနယ်မြေအတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်း သာယာရေး လုပ်ငန်းများတွင် စွမ်းစွမ်းတမံဆောင်ရွက်ခဲ့ကြသော လုံခြုံရေးတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ခြင်းကို ယနေ့ နံနက်ပိုင်း တွင် နေပြည်တော်ကောင်စီရုံး၊ ဧည့်ခန်းမ ၌ ပြုလုပ်သည်။

 

အဆိုပါ ချီးမြှင့်ငွေပေးအပ်ပွဲသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်နိုင်၊ နေပြည်တော် တိုင်းစစ်ဋ္ဌာန ချုပ်တိုင်းမှူးဗိုလ်ချုပ် ဇော်ဟိန်းနှင့်တာဝန်ရှိသူများ၊ လုံခြုံရေးတပ်ဖွဲ့ ဝင်များ တက်ရောက်ကြပြီး နေပြည်တော်ကောင်စီ ဥက္ကဋ္ဌက ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များကိုယ်စား တာဝန်ရှိသူများက လက်ခံရယူကြပြီး ကျေးဇူး တင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်