Skip to main content

တိုင်းဒေသကြီးနှင့်ပြည်နယ်များသို့ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများ ဆက်လက် ပို့ဆောင်

နေပြည်တော်၊ အောက်တိုဘာ - ၂၂

 

ကိုဗစ်-၁၉ရောဂါ ဓာတ်ခွဲအတည်ပြုပိုးတွေ့လူနာများနှင့် သီးသန့်စောင့် ကြည့်ရမည့်သူများအား  တပ်မတော်ဆေးရုံများ၊ ပြည်သူ့ဆေးရုံများ၊ ကျန်းမာရေး ဌာနများနှင့် ကိုဗစ်စင်တာများတွင် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို တပ်မတော်သားဆရာ၀န်များ၊ ကျန်းမာရေး ၀န်ထမ်းများ၊ လူမှုရေး အသင်းအဖွဲ့များ ပူးပေါင်း၍ အင်တိုက်အား တိုက်ဆောင်ရွက်ပေးလျက် ရှိရာ ၎င်းလုပ်ငန်းများတွင် အထောက်အကူဖြစ် စေရန်အတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးများကို သတ်မှတ်အအေးလမ်းကြောင်း စံချိန်စံညွှန်းများအတိုင်း တပ်မတော်(လေ)မှ လေယာဉ်များ၊ မော်တော်ယာဉ်များဖြင့် ပို့ဆောင်ပေးလျက်ရှိသည်။

 

ထိုသို့ပို့ဆောင်ပေးလျက်ရှိရာ ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်း မြို့နယ်၊ မင်းဓမ္မ လမ်းရှိ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဗဟိုကာကွယ်ဆေးသို လှောင်ခန်း၌ထားရှိသော  ဆေးတစ်လုံးလျှင် (၅)ဦး ထိုးနိုင်သည့် Sinopharm ဆေးများကို မြစ်ကြီးနားမြို့သို့ ဆေးအလုံးပေါင်း ၇၁၂၀ လုံး၊ ကျိုင်းတုံမြို့သို့ ဆေူအလုံးပေါင်း ၇၄၃၂ လုံး၊ လာရှိုးမြို့သို့ ဆေးအလုံးပေါင်း ၂၄၂၁၅ လုံး၊ လွိင်ကော်မြို့သို့ ဆေးအလုံးပေါင်း ၁၈၁၂ လုံး၊ မုံရွာမြို့သို့ ဆေးအလုံးပေါင်း ၈၄၇ လုံး၊ကလေးမြို့သို့ ၇၁၉၂ လုံး၊ စစ်တွေမြို့သို့ဆေး အလုံးပေါင်း ၂၁၈၅၁ လုံး၊သံတွဲမြို့သို့ဆေးအလုံးပေါင်း ၁၄၇၄၃ လုံး၊ မြိတ်မြို့သို့ ဆေးအလုံးပေါင်း ၉၂၄၁ လုံး၊ ထားဝယ်မြို့သို့ ဆေးအလုံးပေါင်း ၇၁၄၄ လုံးနှင့် ကော့သောင်မြို့ သို့ ဆေးအလုံးပေါင်း ၂၃၆၂ လုံးတို့ကို မင်္ဂလာဒုံလေတပ်စခန်းဌာနချုပ်ရှိ တပ်မတော်(လေ)မှ ပို့ဆောင်ရေးလေယာဉ်များဖြင့် ပို့ဆောင်ပေးခဲ့ရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြောင်းနှင့် သက်ဆိုင်ရာသို့ ဆက်လက် ဖြန့်ဝေ ပေးသွား မည်ဖြစ်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်