Skip to main content

နေပြည်တော်၊ အောက်တိုဘာ ၂၂

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ်ရှိ ကမ္ဘောဇဘဏ်အား အမျိုးသား ၆ ဦး (စိစစ်ဆဲ)က သေနတ်ပြ ခြိမ်း ခြောက်ကာ ငွေကျပ်သိန်း ၃၀၀၀ ကျော်အား လုယက်ယူဆောင် သွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၂၂ ရက်နေ့ နေ့လည် ၁၂ နာရီ ၄၀ မိနစ်အချိ်နတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ် တထောင်မြို့နယ်၊ အမှတ်(၉)ရပ်ကွက်၊ ၄၈ လမ်းနှင့် မဟာဗန္ဓုလ လမ်း ထောင့်ရှိ ကမ္ဘောဇဘဏ်သို့ အမျိုးသား ၆ ဦးရောက်ရှိလာပြီး ဘဏ်အတွင်းသို့ ဝင်ရောက် ကာဘဏ်တံခါးများအား ပိတ်၍ ဘဏ်ဝန်ထမ်းများနှင့် ဘဏ်အတွင်း ရှိနေသူများအား သေနတ်ပြ ခြိမ်းခြောက်ကာ ကောင်တာစားပွဲပေါ်ရှိ ငွေကျပ်သိန်း ၃၀၀၀ ကျော်အား ယူဆောင်၍ ဘဏ် အတွင်းရှိ ငွေလာရောက် အပ်နှံ/ထုတ်ယူသူများ၏လက်ကိုင်ဖုန်း ၆ လုံးအား လုယက်ယူဆောင်ပြီး ၁၅ မိနစ်အကြာတွင် ယာဉ် အမှတ်(စိစစ်ဆဲ)၊ Toyota Fielder အဖြူရောင် ယာဉ်ဖြင့် ဘဏ်မှ ပြန်လည်ထွက်ခွာသွားကြောင်း သိရသည်။

ဖြစ်စဉ်တွင် ဘဏ်လုယက်မှုကျူးလွန်ခဲ့သူများအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး လုံခြုံရေး တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့က အသေးစိတ်ပိတ်ဆို့ရှာဖွေစစ်ဆေးမှုများ ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။ 

သတင်းစဉ်