စစ်တွေ ဖေဖော်ဝါရီ ၂၉
ပြည်တွင်းပြည်ပ သတင်းမီဒီယာအဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် မောင်တောမြို့မှ စစ်တွေမြို့သို့ ပြန်လည်ရောက်ရှိကြပြီး စစ်တွေမြို့အနီး ဖွင့်လှစ်ထားသော သက္ကယ်ပြင်စခန်းသို့ သွားရောက် သတင်း ရယူကြသည်။
အဆိုပါအဖွဲ့သည် မွန်းလွဲပိုင်းတွင် စစ်တွေမြို့မှ ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိကြသည်။
ယင်းသတင်းမီဒီယာအဖွဲ့တွင် Myanmar Now ၊ Eleven Media Group ၊ VOA ၊ CNA ၊ European Press Photo Agency (epa) ၊ BBC Media Action နှင့် Aljazeera သတင်းဌာနတို့မှ သတင်းသမားများပါရှိပြီး သတင်းမီဒီယာအဖွဲ့များ မောင်တောဒေသသို့ ၂၀၁၆ ခုနှစ် ဒီဇင်ဘာလမှစတင်၍ သွားရောက်သတင်းရယူမှု အနေဖြင့် ၃၆ ကြိမ် ရှိပြီဖြစ်ကြောင်း သိရသည်။
မြင့်မောင်နှင့်ဂျေတီ
ဓါတ်ပုံ တင်ထွန်း (ပြန်ဆက်)