Skip to main content

တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြင့်မောင် ထားဝယ် - မြိတ် - ကော့သောင်းလမ်း (မလွှဲတောင်လမ်းအပိုင်း ) ဆောင်ရွက်နေမှုအခြေအနေအား ကြည့်ရှုစစ်ဆေး

ထားဝယ် မတ် ၁

တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြင့်မောင်သည် ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါလျက် ယမန်နေ့ ညနေ ၅ နာရီက ထားဝယ် - မြိတ် - ကော့သောင်းလမ်း (မလွှဲတောင်လမ်းအပိုင်း) ဆောင်ရွက်နေမှု အခြေအနေအား ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြင့်မောင်က (မလွှဲတောင်လမ်းအပိုင်း 389km – 397 km ကြား) တောင်ကမ်းပါးယံများအား လှေကားထစ်ပုံစံဖြတ်ခြင်း လုပ်ငန်းများ၊ မိုးတွင်းကာလ မိုးသည်း ထန်စွာရွာသွန်းမှုကြောင့် တောင်ပြိုခြင်း၊ လမ်းတားများ ပြတ်တောက်ခြင်းများ ဖြစ်ပေါ်ခဲ့သော နေရာများ အား ပြန်လည်ပြင်ဆင်ဆောင်ရွက်နေသည့် လုပ်ငန်းများ၊ R.C-Toewall နှင့် R.C-Box Culvert တည်ဆောက်နေမှု လုပ်ငန်းများအား ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်၍ လမ်းဦးစီးဌာန၊ လမ်းအထူးအဖွဲ့ ၂၃ မှ တာဝန်ခံအင်ဂျင်နီယာက လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်က လိုအပ်သည်များ မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

(ထားဝယ်ခရိုင်ပြန်/ဆက်)