Skip to main content

နယ်စပ်ဒေသဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ဆောင်ရွက်နေသော ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကယားပြည်နယ်ဝန်ကြီးချုပ်ကြည့်ရှုစစ်ဆေး

မယ်စဲ့ မတ်

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် (နယ်စပ်ဒေသဖွံ့ဖြိုးရေး) ပြည်ထောင်စု၊ ပြည်နယ် ရန်ပုံငွေဖြင့် ဆောင်ရွက်နေသော ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ယမန်နေ့၌ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးအံ့မော်၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် (နယ်စပ်ဒေသဖွံ့ဖြိုးရေး) ပြည်ထောင်စု/ပြည်နယ် ရန်ပုံငွေဖြင့် တင်ဒါ အောင်မြင်သည့် ကုမ္ပဏီများမှ တာဝန်ယူဆောင်ရွက်နေသော အမက(နမ့်ဟူး) ကျောင်းအဝင်လမ်းအရှည်ပေ(၁၀၀) ကွန်ကရစ် ခင်းခြင်း လုပ်ငန်းနှင့် ပေ(၃၀)ပတ်လည် တန်းစီကွင်းတည်ဆောက်ခြင်းလုပ်ငန်း၊ ဟိုဂျစ်-တောင်လှ မြေသားလမ်းပေါ်ရှိ (၁၀)ပေ ကွန်ကရစ်တံတား(၁)စင်းနှင့် ပေ(၅၀)ကွန်ကရစ် တံတား (၁)စင်း တည်ဆောက် ခြင်းလုပ်ငန်း၊ ဟိုဂျစ်-တောင်လှအရှည်(၁၀/၄)မိုင်အနက် ဖောက်လုပ်ရန် ကျန်ရှိသည့် အရှည် (၅/၄)မိုင် မြေသားလမ်းဖောက်လုပ်ခြင်းလုပ်ငန်း၊ (မူလွန်)ဟိုဂျစ် ကျောင်းအဝင် လမ်းအရှည် ပေ(၁၅၀) ကွန်ကရစ်ခင်းခြင်းလုပ်ငန်း၊ ပေ(၃၀)ပတ်လည်တန်းစီကွင်း ကွန်ကရစ်ခင်းခြင်း လုပ်ငန်းနှင့် Pipe Culvert(၁)စင်း တည်ဆောက်ခြင်း လုပ်ငန်း၊ အခြေခံပညာဦးစီးဌာန ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ပြည်ထောင်စု ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် မူလွန်(ဟိုဂျစ်) (၉၀x၃၀)ပေ RC တစ်ထပ် ကျောင်းဆောင်သစ် ဆောက်လုပ်ခြင်းလုပ်ငန်း၊ ဟိုဂျစ်-ဟိုဖ-လယ်တော ကျေးရွာချင်းဆက်လမ်း အရှည်(၉/၀)မိုင် မြေသား လမ်းပေါ်တွင် အရှည်(၄/၀)မိုင် ဖြုန်းကျောက်ခင်းလုပ်ငန်း၊ အဆိုပါလမ်းပေါ်ရှိ ပေ(၄၀)ဘေလီ တစ်လွှာတစ်ထပ် တံတားတစ်စင်း၊ ပေ၂၀ကွန်ကရစ်တံတား (၂)စင်း၊ ပေ (၃၀) ဘေလီတစ်လွှာ တစ်ထပ်တံတားတစ်စင်း တည်ဆောက်ခြင်းလုပ်ငန်း၊ ဟိုဂျစ်-ဟိုဖ- လယ်တော အရှည်(၉)မိုင် အနက်ဖောက်လုပ်ရန် ကျန်သည့် အရှည်(၄/၀)မိုင် မြေသားလမ်း ဖောက်လုပ်ခြင်းလုပ်ငန်း၊ ပန်တိန်း မီးသတ်စခန်း ဝန်ထမ်းအိမ်ရာ (၄)ခန်းတွဲ(၂)ထပ် တည်ဆောက် လုပ်ငန်းတို့ကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းများ အရည်အသွေးကောင်းမွန် စေရေး၊ သတ်မှတ်ကာလ တွင် အချိန်မီပြီးစီးရေးနှင့် အားနည်းမှုများကို အချိန်မီပြုပြင်ဆောင်ရွက်သွားကြရန် လုပ်ငန်းအလိုက် ဆောင်ရွက်နေသည့် သက်ဆိုင်ရာကုမ္ပဏီမှ တာဝန်ရှိသူများကို မှာကြားခဲ့ကြောင်း သိရသည်။

ဝတ်ရည်(ပြန်/ဆက်)