ကမမောင်း မတ် ၂
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် (၅၈)နှစ်မြောက် တောင်သူလယ်သမားနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကမမောင်းမြို့၊ အမှတ်(၃)ရပ်ကွက် သံလွင်လမ်းသွယ် ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်(၉)နာရီခွဲအချိန်က ကျင်းပခဲ့သည်။
ရှေးဦးစွာ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်က အဖွင့်အမှာစကားပြောကြားပြီး ကမမောင်းမြို့၊ အမှတ်(၃)ရပ်ကွက် မြို့မိမြို့ဖ ဦးဝင်းကြည်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ထို့နောက် အထိမ်းအမှတ်အလံအား ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ခေတ္တညွှန်ကြားရေးမှူး ဦးကျော်ကျော်ဦးကပေးအပ်ရာ ပြည်နယ် ဝန်ကြီးချုပ်၊ ပြည်နယ် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးဝန်ကြီး၊ ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး၊ ပြည်နယ်လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး၊ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်နှင့် ဖာပွန်ခရိုင်အုပ်ချုပ်ရေးမှူးတို့က လက်ခံရယူကြသည်။
ယင်းနောက် ဖျော်ဖြေရေးအဖွဲ့များအား ပြည်နယ်ဝန်ကြီးချုပ်က ဂုဏ်ပြုလက်ဆောင်များအား ပေးအပ်ရာ ဖျော်ဖြေရေးအဖွဲ့ ခေါင်းဆောင်များ က လက်ခံခဲ့ကြသည်။
ဆက်လက်၍ ကရင်ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးဝန်ကြီး၊ ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး၊ ပြည်နယ်လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်၊ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ခေတ္တညွှန်ကြားရေးမှူးနှင့် ဖာပွန်ခရိုင်အုပ်ချုပ်ရေးမှူးတို့က ကမမောင်းမြို့၊ အမှတ်(၃) ရပ်ကွက် သံလွင်လမ်းသွယ် ကွန်ကရစ်လမ်းသစ်အား ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက စုပေါင်းမှတ်တမ်းဓာတ်ပုံရိုက်ခဲ့ကြပြီး လမ်းအရှည်(၁၁၉၀)ပေ၊ အကျယ်(၁၆)ပေ၊ အမြင့်(၆)လက်မ၊ စုစုပေါင်းတန်ဖိုးငွေကျပ်သိန်း (၃၈၀၈၀၀၀ဝိ) တန်ဖိုးရှိ ကွန်ကရစ်လမ်းသစ် ဆောင်ရွက်ထားရှိမှုအား ကြည့်ရှုစစ်ဆေး ခဲ့ကြောင်း သိရှိရသည်။
ကမမောင်း(ပြန်/ဆက်)