ထားဝယ် ဇန်နဝါရီ ၁၄
သမဝါယမနှင့် ကျေးလက်ဒေသဖွ့ဖြိုးရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးလှမိုးသည် ယမန်နေ့ ညနေပိုင်းတွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ထားဝယ်မြို့နယ် အတွင်း ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၏ မြစိမ်းရောင်ကျေးရွာစီမံကိန်းဖြင့် ဇဟာကျေးရွာ တွင် ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နေမှုကို ကြည့်ရှု့စစ်ဆေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက ဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်ထားရှိမှုကို ကျေနပ်မှုရှိပါကြောင်း၊ အဆိုပါလုပ်ငန်းကိုလည်း ယခုထက်ပို၍ ပိုမိုတိုးတက် ကောင်းမွန်အောင် ဆောင်ရွက်နိုင်ရန်အတွက် သက်ဆိုင်ရာဦးစီးဌာနများနှင့် ချိတ်ဆက်၍ဆောင်ရွက်သွားရန် လိုကြောင်း၊ အဆိုပါ မြစိမ်းရောင်စီမံကိန်းသည် ရေရှည်စီမံကိန်း ဖြစ်သည့်အတွက် ကော်မတီဝင်များမှ စည်းစည်းလုံးလုံးဖြင့် ပြည်သူများနှင့် ပူးပေါင်းဆောင်ရွက်ရန်လိုကြောင်း ရင်းရင်းနှီးနှီး ပြောကြားပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ဇဟာကျေးရွာ မြစိမ်းရောင်ကျေးရွာစီမံကိန်းကို (၂၀၁၅-၂၀၁၆) ခု ဘဏ္ဍာရေးနှစ်မှ စတင်၍ လုပ်ငန်းအကောင် အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ပြီး လုပ်ငန်းအမျိုးအစား အလိုက် ဖွံ့ဖြိုးရေးလုပ်ငန်းများအနေဖြင့် စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သူ (၃၇)ဦးကို ငွေကျပ် (၁၈၂) သိန်း၊ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူ (၁၂)ဦးကို ငွေကျပ် (၈၂)သိန်း၊ အရောင်းအဝယ်လုပ်ငန်း လုပ်ကိုင် သူ(၂၄)ဦးကို ငွေကျပ် (၁၂၅)သိန်းနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်း လုပ်ကိုင်သူ (၅)ဦးကို ငွေကျပ် (၃၄)သိန်းဖြင့် ဆောင်ရွက်လျက်ရှိရာ စုစုပေါင်း လူဦးရေ(၇၈)ဦး ငွေကျပ် (၄၂၃)သိန်းဖြင့် လည်ပတ်ဆောင်ရွက်လျက်ရှိသည်။
အဆိုပါ ဇဟာကျေးရွာသည် ၂၀၁၈-၁၉ခုဘဏ္ဍာရေးနှစ်၌ စီမံကိန်းကာလ(၃)နှစ်ပြည့်သည့် အတွက် ဇဟာကျေးရွာ စွန့်ပစ်အမှိုက်သိမ်းခြင်း ဝန်ဆောင်မှုလုပ်ငန်းကို အကောင် အထည်ဖော် ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
သတင်းစဉ်