Skip to main content

နေပြည်တော်၊ ဇန်နဝါရီ ၁၄

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (/၂၀၂၂) ကြိမ်မြောက် အစည်းအဝေးကို ယနေ့နံနက် ပိုင်းတွင် နေပြည်တော် ရုံးအမှတ် ၁၈၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၌ ကျင်းပသည်။

အစည်းအဝေးသို့ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနှင့်ကော်မရှင် အဖွဲ့ဝင်များ တက်ရောက်ကြသည်။

အစည်းအဝေး၌ ဆောင်ရွက်ဆဲ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၅ ခု၏ မတည်ငွေရင်း တိုးမြှင့်ခြင်း အပါအဝင် မွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍ၊ ကုန်ထုတ်လုပ်မှုကဏ္ဍ၊ သတ္တုကဏ္ဍနှင့် ဝန်ဆောင်မှုကဏ္ဍများ၌ လုပ်ငန်းသစ် ၁၀ ခုကို ခွင့်ပြုခဲ့သည်။ အဆိုပါ လုပ်ငန်းများ၏ ရင်းနှီးမြုပ်နှံမှုပမာဏသည် အမေရိကန်ဒေါ်လာ ၂၄၁ ဒသမ ၇၉ သန်းနှင့် ငွေကျပ် ၈၀၆,၀၆၆ ဒသမ ၅၉၅ သန်း ရှိပြီး ပြည်တွင်း လုပ်သားများအတွက် အလုပ်အကိုင် အခွင့်အလမ်းပေါင်း ၂,၆၄၆ နေရာကို ဖန်တီးပေးနိုင်မည် ဖြစ်သည်။

ယခုအစည်းအဝေး၌ ခွင့်ပြုခဲ့သည့်လုပ်ငန်းများတွင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်က ရင်းနှီးမြှုပ်နှံမှု ဖိတ်ခေါ်ထားသည့် ကဏ္ဍများဖြစ်သော မွေးမြူရေးနှင့် ရေလုပ်ငန်း ကဏ္ဍများနှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းကဏ္ဍများ ပါဝင်သည်။

၂၀၂၁ ခုနှစ်၊ အောက်တိုဘာလမှ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလအထိ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု ခွင့်ပြုမှုအနေဖြင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၁၉ ခုက  စုစုပေါင်း အမေရိကန်ဒေါ်လာ ၄၇၉ ဒသမ ၃၉၅ သန်း ဖြင့်လည်းကောင်း၊ မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှု အနေဖြင့် လုပ်ငန်းပေါင်း ၂၀ က စုစုပေါင်း ငွေကျပ် ၁,၀၄၈,၀၂၉ ဒသမ ၂၁၅ သန်းဖြင့် လည်းကောင်း ခွင့်ပြုခဲ့ပြီး အလုပ်အကိုင် အခွင့်အလမ်းပေါင်း ၁၂,၇၄၇ ခု ဖန်တီးပေးနိုင်ခဲ့ ကြောင်းသိရသည်။

သတင်းစဉ်