နေပြည်တော် ဇန်နဝါရီ ၅
မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းနှင့် ရေနံရှာဖွေတူးဖော်ရေး လုပ်ငန်း များတွင် အကျိုးတူ ပူးပေါင်းဆောင်ရွက်လျက်ရှိသော PTTEP International Limited သည် ကမ်းလွန်လုပ်ကွက်အမှတ် M-9 တွင် Geophysical Site Investigation (GSI) လုပ်ငန်းများကို Survey Vessel: RN PTSC Researcher (Call Sign: 3WJZ) ရေယာဉ်ဖြင့် (၁၄.၁၂.၂၀၁၉) ရက်နေ့မှ (၃၁.၃.၂၀၂၀) ရက်နေ့အထိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း (၂၈.၁၁.၂၀၁၉) ရက်စွဲဖြင့် ရေကြောင်းသတိပေးချက် ထုတ်ပြန်ကြေညာထားပြီးဖြစ်သော်လည်း ယခုအခါ လုပ်ငန်းအခြေအနေအရ မူလတင်ပြခဲ့သည့် တည်နေရာများအတိုင်း လုပ်ငန်း ဆောင်ရွက်ရန် လုံလောက်မှုမရှိပါသဖြင့် အဆိုပါလုပ်ကွက်အမှတ် M-9 တွင်ပင် တည်နေရာများ ထပ်မံတိုးချဲ့တိုင်းတာရန်နှင့် တိုင်းတာရေးလုပ်ငန်း များအား Point.1 Prospect. M9-ZTK-02/03/04 မြောက်လတ္တီတွဒ် ၁၃ ဒီဂရီ ၅၄ မိနစ် ၅၉ ဒသမ ၇၆၀ စက္ကန့်၊ အရှေ့လောင်ဂျီတွဒ် ၉၅ ဒီဂရီ ၄၉ မိနစ် ၄၈ ဒသမ ၈၇၀ စက္ကန့်၊ Point 2. M9-ZTK-21/22 မြောက်လတ္တီတွဒ် ၁၄ ဒီဂရီ ၀၁ မိနစ် ၄၆ ဒသမ ၅၆၀ စက္ကန့် ၊ အရှေ့လောင်ဂျီတွဒ် ၉၅ ဒီဂရီ ၅၃ မိနစ် ၁၇ ဒသမ ၄၈၀ စက္ကန့်၊ Point 3. M9-KKN-30 မြောက်လတ္တီတွဒ် ၁၄ ဒီဂရီ ၂၄ မိနစ် ၃၅ ဒသမ ၃၅၀ စက္ကန့်၊ အရှေ့လောင်ဂျီတွဒ် ၉၅ ဒီဂရီ ၅၁ မိနစ် ၄၆ ဒသမ ၄၉၀ စက္ကန့်၊ Point 4. M9-GTK-34/34A မြောက်လတ္တီတွဒ် ၁၄ ဒီဂရီ ၂၈ မိနစ် ၀၆ ဒသမ ၆၆၀ စက္ကန့်၊ အရှေ့လောင်ဂျီတွဒ် ၉၅ ဒီဂရီ ၄၈ မိနစ် ၂၁ ဒသမ ၈၃၀ စက္ကန့်၊ Point 5. M9-KKN-33 မြောက်လတ္တီတွဒ် ၁၄ ဒီဂရီ ၂၅ မိနစ် ၀၇ ဒသမ ၅၅၀ စက္ကန့်၊ အရှေ့လောင်ဂျီတွဒ် ၉၅ ဒီဂရီ ၄၉ မိနစ် ၁၇ ဒသမ ၁၃၀ စက္ကန့်တွင် (၃၁.၃.၂၀၂၀) ရက်နေ့မှ (၁၄.၄.၂၀၂၀) ရက်နေ့အထိ ဆောင်ရွက်သွားမည် ဖြစ်သည်။
သို့ဖြစ်ပါ၍ (၃၁.၃.၂၀၂၀) ရက်နေ့မှ (၁၄.၄.၂၀၂၀) ရက်နေ့အထိ လုပ်ငန်း ဆောင်ရွက်နေစဉ် လုပ်ငန်းကြန့်ကြာမှု မဖြစ်ပေါ်စေရေးအတွက် အထက် ဖော်ပြပါ လုပ်ငန်းခွင်တည်နေရာများမှ ၄ ကီလိုမီတာ ပတ်လည်အတွင်း ရေကြောင်းသတိပေးချက် (Notice to Mariners) ထုတ်ပြန်ကြေညာ ထားပါ၍ သင်္ဘောကြီးငယ်များ၊ ကုန်တင်စက်လှေများ၊ ငါးဖမ်းသင်္ဘောများ၊ စက်တပ်သမ္ဗန်များ ဖြတ်သန်းသွားလာခြင်းနှင့် ကျောက်ချရပ်နားထားခြင်း၊ ငါးဖမ်းဆီးခြင်း၊ ငါးဖမ်းကိရိယာများ ချထားခြင်းများ မပြုလုပ်ကြရန် ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ အသိပေးကြေညာထား ကြောင်း သိရသည်။
မြန်မာ့အလင်း