နေပြည်တော် မတ် ၁၀
ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ တိုင်းဒေသကြီး/ ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်အသီးသီးတွင် တာဝန်ထမ်းဆောင်နေကြသည့် ဝန်ထမ်းများအား ရုံးလုပ်ငန်းအရည်အသွေး၊ စီမံခန့်ခွဲမှု အရည်အသွေးနှင့် စိတ်ဓာတ်ပိုင်းဆိုင်ရာ အရည်အသွေးများ တိုးတက်မြင့်မားလာပြီး ဝန်ကြီးဌာန၏ ရည်မှန်းချက်၊ ဦးစီးဌာန၏ လုပ်ငန်းလျာထားချက်များကို စွမ်းဆောင်ရည်ပြည့်ဝစွာဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ စွမ်းရည်မြှင့်သင်တန်း အမှတ်စဉ်(၃/၂၀၂၀) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်(၉)နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(ရုံးချုပ်) သင်တန်း ကျောင်း၌ ကျင်းပသည်။
သင်တန်းဖွင့်ပွဲတွင် ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်းက အဖွင့်အမှာစကား ပြောကြားရာတွင် ယနေ့ခေတ်ကာလတွင် နည်းပညာဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ပြောင်းလဲနေမှုအခြေအနေများကို ဝန်ထမ်းများက သိရှိနားလည်ပြီး ဝန်ကြီးဌာန၏ ရည်မှန်းချက်များကို အကောင်အထည်ဖော်ရာတွင်ဝန်ထမ်းများ၏ လုပ်ငန်းစွမ်းဆောင်ရည်၊ စိတ်ဓာတ်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်များ တိုးတက်မြင့်မားနေဖို့လိုအပ်ကြောင်း၊ ယခုဖွင့်လှစ်သည့် စွမ်းရည်မြှင့်သင်တန်းတွင် သတင်းရေးသားထုတ်ပြန်ခြင်း၊ ရုံးလုပ်ငန်း ဆိုင်ရာသင်ခန်းစာများ၊ စာကြည့်တိုက်ပညာရပ်ဆိုင်ရာသင်ခန်းစာများ၊ သတင်းအချက်အလက်ဆိုင်ရာ သိနားလည်မှုသင်ခန်းစာများဦးစီးဌာန၏ ပြုပြင်ပြောင်းလဲရေးဆောင်ရွက်ချက်များနှင့် လုပ်ငန်းများအောင်မြင်စွာ ဆောင်ရွက်နိုင်ရေးစသည့် ဘာသာရပ်များကို သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း၊ သင်တန်းသား/သင်တန်းသူများအနေဖြင့် သင်တန်းမှရရှိသည့် အတွေ့အကြုံဗဟုသုတများကို မိမိတို့ဒေသရှိ အခြားဝန်ထမ်းများကိုပါ လက်ဆင့်ကမ်းမျှဝေပေးနိုင်ရေးအတွက် အလေးအနက်ထားပြီး လေ့လာကြရန် အရေးကြီးပါကြောင်း ပြောကြားသည် ။
ဖွင့်ပွဲအခမ်းအနားသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူချုပ် ဦးရဲနိုင်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးအေးကြွယ်နှင့် ညွှန်ကြားရေးမှူးများ၊ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်နှင့်မြို့နယ်အသီးသီးမှ သင်တန်းသား/ သင်တန်းသူ(၃၅)ဦးတို့ တက်ရောက်ကြပြီး မတ်လ(၁၀)ရက်နေ့မှ ဧပြီလ(၃)ရက်နေ့အထိ ရက်သတ္တပတ်(၄)ပတ်ကြာ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဇော်မင်းလွင်(ခရိုင်ပြန်/ဆက်)