Skip to main content

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှမိုးအောင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆို နေသည့် ကျောင်းသား၊ ကျောင်းသူများအား လိုက်လံကြည့်ရှုအားပေး

ပုသိမ် မတ် ၁၁

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှမိုးအောင်နှင့်အဖွဲ့သည် ၂၀၂၀ ပြည့်နှစ် ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုလျက်ရှိသည့် ပုသိမ်မြို့၊ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းနှင့် ကန်ကြီးထောင်မြို့နယ်၊ တကုန်းကြီးအခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနများသို့ ယနေ့ နံနက်ပိုင်းတွင် လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့သည် တိုင်းဒေသကြီးအတွင်း ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များအား အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိပြီး ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် ယနေ့ နံနက်ပိုင်းတွင် ပုသိမ်မြို့၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းနှင့် ကန်ကြီးထောင်မြို့နယ်၊ တကုန်းကြီး အခြေခံပညာ အထက်တန်းကျောင်း စာစစ်ဌာနများ၌ ကျင်းပပြုလုပ်သော တက္ကသိုလ် ဝင်တန်း စာမေးပွဲ ဖြေဆိုနေကြသည့် ကျောင်းသား/သူများ အေးချမ်းစွာနှင့် လုံခြုံစိတ်ချစွာ စာဖြေကြားနိုင်ရန်အတွက် လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးနိုင်ရေး စီမံဆောင်ရွက် ထားရှိမှု အခြေအနေများ၊ ကျောင်းသား/သူများ စာဖြေဆိုနေမှု အခြေအနေများအား လိုက်လံကြည့်ရှုအားပေးခဲ့​ကြောင်းသိရသည်။

မောင်မောင်မြင့်(ပြန်/ဆက်)