Skip to main content

ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ တောင်ကြီးမြို့နယ်ရှိ စာဖြေဌာနများသို့ လိုက်လံကြည့်ရှုအားပေး

တောင်ကြီး မတ် ၁၂

ရှမ်းပြည်နယ်(တောင်ပိုင်း)တောင်ကြီးခရိုင်၊ တောင်ကြီးမြို့တွင် ၂၀၁၉ -၂၀၂၀ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်တန်း စာမေးပွဲအား မြန်မာနိုင်ငံတစ်ဝှမ်းတွင် မတ်လ ၁၁ ရက်နေ့ မှ ၂၀ ရက်နေ့အထိ တစ်ပြိုင်နက်တည်း ကျင်းပသည့်နေရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်၊ ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဦးစိုင်းလုံကျော်၊ ပြည်နယ် အဆင့်ဌာနဆိုင်ရာ၊ ပြည်နယ်ပညာရေးမှူး၊ တောင်ကြီးခရိုင် အထွေထွေအုပ်ချုပ်ရေးမှူး ဦးကိုကိုလွင်တို့က တောင်ကြီးမြို့နယ်စာစစ်ဌာနတွင် စာဖြေဌာန(၁၅)ခုတွင် ဖြေဆိုနေမှုနှင့် ဆောင်ရွက်ထားရှိမှုများကို အမှတ်(၁)၊(၂)၊(၃)၊(၄)၊(၅) အခြေခံပညာ အထက်တန်းကျောင်းများတွင် ဖြေဆိုနေမှုကို ယမန်နေ့ နံနက် ၉ နာရီ အချိန်တွင် ကြည့်ရှုအားပေးခဲ့ ကြသည်။

တောင်ကြီးမြို့နယ် စာစစ်ဌာနတွင် စာဖြေဌာန(၁၅)တွင် ကျောင်းသား၊ ကျောင်းသူ (၉၅၂၁)ဦး ဝင်ရောက်ဖြေဆိုကြောင်း နှင့်စာဖြေဌာနများတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်၊ ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဦးစိုင်းလုံကျော်၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ၊ ပြည်နယ်ပညာရေးမှူး၊ တောင်ကြီးခရိုင် အထွေထွေအုပ်ချုပ်ရေးမှူးဦးကိုကိုလွင်၊ မြို့နယ်ပညာရေးမှူး၊ မြို့နယ်ရဲတပ်ရဲမှူး၊ မြို့နယ်မီးသတ်ဦးစီးဌာနမှူးနှင့် တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ တာဝန်ရှိသူများ ပူးပေါင်း၍ ကြည့်ရှုခဲ့ကြကြောင်းသိရှိရသည်။

ရှမ်းပြည်နယ်အတွင်း ၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်တန်း စာမေးပွဲစာရင်းရှိ(၆၆၄၉၅)ဦး၊ ကျောင်းသား ကျောင်းသူဖြေဆိုသူ(၆၂၄၂၃)ဦးရှိပြီး တောင်ကြီးမြို့နယ် စာစစ်ဌာနတွင် ဖြေဆိုသူ(၈၈၅၇)ဦး ဝင်ရောက်ဖြေဆို ကြောင်း သိရသည်။

စိုင်းသန်းကျော်(တောင်ကြီး)