မန်တုံ မတ် ၁၂
ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ဗမာတိုင်းရင်းသားရေးရာဝန်ကြီး ဒေါက်တာအောင်သန်းမောင်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်ရဲထွေး၊ စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းစွန်ဆိုင်းနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများလိုက်ပါလျက် ဒေသဦးစီးအဖွဲ့၊ ဌာနဆိုင်ရာ များ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေးပွဲအား ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မန်တုံမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ပြည်သူ့ဝန်ဆောင်မှုရုံး နမ့်ကုမ်အစည်းအဝေးခန်းမ၌ ယမန်နေ့ နံနက်ပိုင်း အချိန်က ကျင်းပခဲ့သည်။
ရှေးဦးစွာ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဒေသဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးဝင်းကျော်က ကြိုဆိုနှုတ်ခွန်းဆက် အမှာစကား ပြောကြားပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက အမှာစကား ပြောကြားကာ မန်တုံမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာန မူကြိုကျောင်းအတွက် ထောက်ပံ့ပစ္စည်းများအား ဗမာတိုင်းရင်းသားရေးရာဝန်ကြီး ဒေါက်တာအောင်သန်းမောင်ကပေးအပ်ခဲ့ပြီး တာဝန်ရှိသူများက လက်ခံခဲ့သည်။ အဆိုပါအခမ်းအနားတွင် လူမှုဝန်ထမ်းဦးစီးဌာနရုံး ဆောက်လုပ်မည့်မြေနေရာအား မြေပိုင်ရှင် ဦးမော်စိမ်း၏ ကိုယ်စား ဦးဇော်မြင့်နှင့် ဦးလင်းထွဋ်အောင်တို့က လှူဒါန်းပေးအပ်ခဲ့ရာ ဒေသဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးဝင်းကျော်က လက်ခံခဲ့သည်။ ထို့နောက် ဒေသဦးစီးအဖွဲ့ ဥက္ကဋ္ဌ က နိဂုံးချုပ် အမှာစကား ပြောကြားပြီး အခမ်းအနားအား ရုပ်သိမ်းခဲ့သည်။
ဆက်လက်ပြီး ဒေသဦးစီးအဖွဲ့ ဥက္ကဋ္ဌနှင့် ဝန်ကြီးများအဖွဲ့သည် လူမှုဝန်ထမ်းရုံးဆောက်လုပ်မည့်မြေနေရာအားလည်းကောင်း၊ မြို့မရပ်ကွက်အတွင်း ပေ(၃၀၀) အရှည်ရှိ ငြိမ်းချမ်းရေးလမ်းဖောက်လုပ်မည့်နေရာအားလည်းကောင်း၊ မြို့နယ်စည်ပင်ရုံးဝန်ထမ်းအိမ်ရာ ဆောက်လုပ်နေမှုတို့အား ကြည့်ရှုစစ်ဆေ ခဲ့ကြောင်း သိရှိရသည်။
စည်သူမောင်မောင် (ပြန်/ဆက်)