နေပြည်တော် မတ် ၁၂
ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၅) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၂၁ ရက် မြောက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပါတီဝင် များနှင့် လွှတ်တော်ကိုယ်စားလှယ်များမှတစ်ဆင့် လာရောက်လေ့လာကြသည့် ပြည်သူများ စုစုပေါင်း ၂၆၄ ဦး ယနေ့ နံနက် ၁၀ နာရီတွင်ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးကိုတက်ရောက်လေ့လာကြသည်။
ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးသို့ စတင်ကျင်းပသည့်ရက်မှ ယနေ့အထိ လွှတ်တော်သို့ လာရောက်လေ့လာသူပေါင်း ၆၇၈၃၅ ဦးရှိကြောင်း၊ လွှတ်တော်သို့ လာရောက်လေ့လာလိုပါက ပြည်ထောင်စုလွှတ်တော်ရုံး၊ ပြည်သူ့လွှတ်တော်ရုံးနှင့် အမျိုးသားလွှတ်တော်ရုံး တို့မှ သက်ဆိုင်ရာညွှန်ကြားရေးမှူးချုပ်ထံလိပ်မူ၍ (၃)ရက် ကြိုတင်ပေးပို့နိုင်ပါကြောင်း သတင်း ရရှိသည်။
သတင်းစဉ်