Skip to main content

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ် ဓာတ်သတ္တု အသေးစားနှင့် လက်လုပ်လက်စားနှင့် အသေးစားလုပ်ငန်းများအတွက် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆိုင်ရာ လိုက်နာရမည့် စည်းကမ်းချက်များ ရှင်းလင်းဆွေးနွေး

တောင်ကြီး  မတ်   ၁၇

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆိုင်ရာ ဝန်ကြီးဌာန၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော ဓာတ်သတ္တု အသေးစားနှင့် လက်လုပ် လက်စားနှင့် အသေးစား လုပ်ငန်းများအတွက် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆိုင်ရာ လိုက်နာရမည့် စည်းကမ်းချက်များ၊ ကတိကဝတ်များနှင့် EMP Format တို့အား ရှင်းလင်း ဆွေးနွေးခြင်းကို ယမန်နေ့ နေ့လယ် ၂ နာရီအချိန်တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမ(၁)၌ ကျင်းပသည်။

အခမ်းအနားသို့ ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ် သယံဇာတနှင့်  သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီး ဒေါက်တာညီညီအောင်၊ ပတ်ဝန်း ကျင် ထိန်းသိမ်းရေး ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူး၊ ရှမ်းပြည်နယ် သတ္တုတွင်း ဦးစီးဌာန ညွှန်ကြားရေးမှူး၊ ရှမ်းပြည်နယ်ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာန ညွှန်ကြားရေးမှူး၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူး၊ ပြည်နယ်ဌာနဆိုင်ရာများ၊ ရှမ်းပြည်နယ် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန အမှုထမ်း/အရာထမ်းများနှင့် ဖိတ်ကြား ထားသူများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က အဖွင့်အမှာစကား ပြောကြားပြီး ပြည်နယ်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာ ညီညီအောင် က ဓာတ်သတ္တု လက်လုပ်လက်စား ထုတ်လုပ်ခြင်းလုပ်ငန်းများအတွက် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆိုင်ရာ လိုက်နာရမည့် စည်းကမ်း ချက်များနှင့် ဓာတ်သတ္တုအသေးစား တူးဖော် ထုတ်လုပ်ခြင်း လုပ်ငန်းများအား IEE အစီရင်ခံစာအစား ဆောင်ရွက်ရမည့် EMP Format နှင့် စပ်လျဉ်း၍ ရှင်းလင်း တင်ပြပြီး တက်ရောက် လာသူများက ရှင်းလင်း တင်ပြ ချက်များကို အပြန် အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

စိုင်းသန်းကျော်(တောင်ကြီး)