Skip to main content

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ် တောင်ကြီးမြို့ စဝ်စံထွန်းဆေးရုံသို့ ကွင်းဆင်းကြည့်ရှု

တောင်ကြီး  မတ်  ၁၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှဦး၊ ပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၊ ဗမာတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဒေါက်တာအောင်သန်းမောင်တို့သည်  ယမန်နေ့ ညနေ ၄ နာရီ အချိန်တွင် စဝ်စံထွန်း ပြည်သူ ဆေးရုံကြီးတွင် လူနာဆောင်နှင့်ကုတင်(၅၀၀)ဆံ့၊ ငါးထပ်ဆောင်တို့ သွားရောက်ကွင်းဆင်းကြည့်ရှုခဲ့ကြသည်။

အဆိုပါ စဝ်စံထွန်းပြည်သူဆေးရုံကြီးတွင် ထားရှိသည့်လူနာဆောင်၊ ဧည့်သည်တော်များ နားနေဆောင်များအတွက် လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန်အတွက် လူနာများ အရေးပေါ်ဖြစ်ပေါ်လာပါက လူနာဆောင်သီးသန့်ဆောင်များ ကို လူနာ (၄၀)ထားရှိနိုင်ရေးနှင့် ဆရာဝန်၊ ဆရာမများ၊ သူနာပြုဆရာမများကို ကိုရိုနာဗိုင်းရပ်စ် အကြောင်းအား ရှင်းလင်းပြောကြား ပေးခဲ့ပြီး သီးသန့်ဆောင်ပြင်ဆင်ထားမှုနှင့် ကုတင်(၅၀၀)ဆံ့၊ ငါးထပ်ဆောင်တွင် ပြင်ဆင် ထားမှုများကို သွားရောက်လေ့လာ၍ လိုအပ်ချက်များကို ဖြည့်ဆည်းပေးသွားမည်ဖြစ်ကြောင်း ပြောကြားကာ ဆေးရုံအုပ်နှင့်အတူ ပြင်ဆင်ဆောင်ရွက်ချက်များကို လိုက်လံကြည့်ရှုခဲ့ကြကြောင်းသိရသည်။

စိုင်းသန်းကျော်(တောင်ကြီး)