Skip to main content

(COVID-19) ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများတွင် အသုံးပြုရန် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များနှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များက နေ့တွက်စရိတ် တစ်ရက်စာ လှူဒါန်း

နေပြည်တော် မတ် ၁၉

အသက်ရှူလမ်းကြောင်းဆိုင်ရာ (COVID-19) ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များနှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များက နေ့တွက်စရိတ်တစ်ရက်စာကို “Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီ”သို့ လှူဒါန်းခြင်းအခမ်းအနားကို မတ်လ ၁၉ ရက်၊ နံနက် ၀၉၃၀ နာရီချိန် ပြည်ထောင်စုလွှတ်တော် (D)ဆောင် နာယကနားနေခန်း၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ပြည်ထောင်စုလွှတ်တော် နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်နှင့် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းတို့က အမှာစကားပြောကြားပြီး ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးထွန်းအောင်(ခ) ဦးထွန်းထွန်းဟိန်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၄၂၉ ဦး၏ နေ့တွက်စရိတ်တစ်ရက်စာ ၈၅၈၀၀၀၀ိ/-ကို လည်းကောင်း၊ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်က အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၂၁၅ ဦး၏ နေ့တွက်စရိတ်တစ်ရက်စာ ၄၃၀၀၀၀၀ိ/- ကိုလည်းကောင်း ပေးအပ်လှူဒါန်းရာ Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီ အတွင်းရေးမှူး(၁) အပြည်ပြည်ဆိုင်ရာပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်နှင့် အတွင်းရေးမှူး(၂) ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးတို့က အသီးသီးလက်ခံရယူခဲ့ပြီး ဂုဏ်ပြု မှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ကာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး က ကျေးဇူးတင်စကား ပြောကြားခဲ့သည်။

အစည်းအဝေးအပြီးတွင် ပြည်ထောင်စုလွှတ်တော် နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့် အမျိုးသားလွှတ် တော်ဥက္ကဋ္ဌတို့သည် အခမ်းအနားသို့ တက်ရောက်လာကြသည့် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် တို့မှ ဒုတိယဥက္ကဋ္ဌများ၊ ပြည်ထောင်စုဝန်ကြီးများ၊ သက်ဆိုင်ရာနိုင်ငံရေးပါတီ၊ အစုအဖွဲ့ကိုယ်စားပြု လွှတ်တော် ကိုယ်စားလှယ်များနှင့်အတူ မှတ်တမ်းတင်ဓာတ်ပုံရိုက်ခဲ့သည်။ ယင်းအခမ်းအနားသို့ လွှတ်တော်ရုံး (၃)ရုံးမှ ညွှန်ကြားရေးမှူးချုပ်များလည်း တက်ရောက်ခဲ့သည်။

Ref; Pyidaungsu Hluttaw