Skip to main content

ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့် ပြည်နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများအား နှစ်သစ်ကူးလက်ဆောင်ပေးအပ်

ဘားအံ  မတ်  ၁၉

ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်သည် ကရင်ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းများအား ယမန်နေ့ ညနေ ၄ နာရီခွဲက  နှစ်သစ်အကြို နှစ်သစ်ကူးလက်ဆောင်များ ပေးအပ်ခဲ့သည်။

ရှေးဦးစွာ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်က ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းများအား နှစ်သစ်ကူးလက်ဆောင်များ ပေးအပ်ပြီး ကရင်ပြည်နယ်အစိုးရအဖွဲ့၊ အတွင်းရေးမှူး၊ ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စိုးက အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါ ကိုရိုနာဗိုင်းရပ်စ် နှင့်ပတ်သက်၍ ဝန်ထမ်းများအား အသိပညာပေး ဆွေးနွေးကာ နှစ်သစ်ကူးလက်ဆောင်များ ပေးအပ်ခဲ့သည်။

ကရင်ပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းများအား  အဝတ်အထည်နှင့် ရုံးဝတ်စုံများအား နှစ်သစ်ကူး လက်ဆောင်အဖြစ် ပေးအပ်ခဲ့ကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)