Skip to main content

တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် ကောလိပ်များ၏ ပထမနှစ်ဝက် စာမေးပွဲများတွင် ဝင်ရောက်ဖြေဆိုသူ သုံးသိန်းကျော်ရှိ

နေပြည်တော် မတ် ၁၉

တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် ကောလိပ်များ၏ ၂၀၁၉ - ၂၀၂၀ ပညာသင်နှစ် ပထမ နှစ်ဝက် စာမေးပွဲများကို ယနေ့တွင် နိုင်ငံတစ်ဝန်း၌ ဆက်လက်ကျင်းပလျက်ရှိရာ ဝိဇ္ဇာ/သိပ္ပံ တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် ကောလိပ်များ၌ စာရင်းရှိ ၃၀၄၁၂၈ ဦးအနက် ၂၉၃၃၉၉ ဦး ဖြေဆိုသဖြင့် ပျက်ကွက် ၁၀၇၂၉ ဦး၊ နည်းပညာတက္ကသိုလ်များနှင့် ကွန်ပျူတာတက္ကသိုလ်များ၌ စာရင်းရှိ ၃၅၉၇၀ အနက် ၃၅၁၈၄ ဦး ဖြေဆိုသဖြင့် ပျက်ကွက် ၇၈၆ ဦးနှင့် ပညာရေး ကောလိပ်များ၌ စာရင်းရှိ ၁၀၇၈၂ ဦးအနက် ၁၀၇၇၇ ဦး ဖြေဆိုသဖြင့် ပျက်ကွက် ၅ ဦး ရှိကြောင်း၊ နိုင်ငံတစ်ဝန်း တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် ကောလိပ်များ၏ စုစုပေါင်းစာရင်းရှိ ၃၅၀၈၈၀ အနက် ၃၃၉၃၆၀ ဖြေဆိုကြပြီး ပျက်ကွက် ၁၁၅၂၀ ရှိကြောင်း ပညာရေးဝန်ကြီးဌာန မှ သိရသည်။
(သတင်းစဉ်)