Skip to main content

တက္ကသိုလ်ဝင်စာမေးပွဲ အဋ္ဌမနေ့ နိုင်ငံခြားစာစစ်ဌာနများ အပါအဝင် မြန်မာတစ်နိုင်ငံလုံးရှိ စာစစ်ဌာနများတွင် ပထဝီဝင်ဘာသာရပ် ဖြေဆိုသူပေါင်း ၁၆၀၅၈၁ ဦးရှိ

နေပြည်တော် မတ် ၁၉

၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အဋ္ဌမနေ့အဖြစ် ပထဝီဝင်ဘာသာရပ်ကို ယနေ့တွင် ဖြေဆိုကြရာ နိုင်ငံခြားစာစစ်ဌာန ၅ ခုနှင့် မြန်မာတစ်နိုင်ငံလုံးရှိ စာစစ်ဌာန ၁၅၅၃ ခု၊ စာစစ်ဌာနစုစုပေါင်း ၁၅၅၈ ခုတွင် ဖြေဆိုသူပေါင်း ၁၆၀၅၈၁ ဦးရှိကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရသည်။ တက္ကသိုလ်ဝင်စာမေးပွဲ ပထဝီဝင်ဘာသာရပ်တွင် ဖြေဆိုသူပေါင်း ၁၆၀၅၈၁ ဦးအနက် တစ်နိုင်ငံလုံး၌ ဆေးရုံဖြေဆိုသူ ၂၂ ဦး၊ အကြားအာရုံ မသန်စွမ်းဖြေဆိုသူ ၇ ဦး၊ အမြင်အာရုံ မသန်စွမ်းဖြေဆိုသူ ၃၁ ဦး၊ ကိုယ်အင်္ဂါ မသန်စွမ်းဖြေဆိုသူ ၂၀၊ အကျဉ်းထောင်များတွင် ဝင်ရောက်ဖြေဆိုသူ ၁၁၃ ဦးနှင့် ကရင်ပြည်နယ် မြဝတီမှ ဝင်ရောက်ဖြေဆိုသူ ၁၄ ဦးရှိ ကြောင်း သိရသည်။

(သတင်းစဉ်)