Skip to main content

COVID-19 ရောဂါကြိုတင်ကာကွယ်မှုလုပ်ငန်းများအတွက် ကျန်းမာရေးရန်ပုံငွေနှင့် ကျန်းမာရေးအသုံးအဆောင် ပစ္စည်းများ ပေးအပ်လှူဒါန်းပွဲသို့ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် တက်ရောက်

မန္တလေး မတ် ၂၀

COVID-19 ရောဂါကြိုတင်ကာကွယ်မှုလုပ်ငန်းများအတွက် ကျန်းမာရေးရန်ပုံငွေနှင့် ပစ္စည်းများပေးအပ်လှူဒါန်းပွဲကို မန္တလေးမြို့၊အောင်မြေသာစံမြို့နယ်ရှိ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ယမန်နေ့ မွန်းလွဲပိုင်းက ကျင်းပခဲ့သည်။

ရှေးဦးစွာ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်က အဖွင့်အမှာစကား ပြောကြား သည်။

ထို့နောက် အလှူရှင်များက COVID-19 ရောဂါကြိုတင်ကာကွယ်မှုလုပ်ငန်းများအတွက် ကျန်းမာရေးရန်ပုံငွေများ နှင့် ကျန်းမာရေးအသုံးအဆောင်ပစ္စည်းများ ပေးအပ်လှူဒါန်းရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများက အလှူငွေများနှင့်ပစ္စည်းများကို အသီးသီးလက်ခံရယူ ကြပြီးနောက် ဂုဏ်ပြုမှတ်တမ်းလွှာများ ကို ပြန်လည်ပေးအပ်ကြသည်။

အဆိုပါပေးအပ်လှူဒါန်းပွဲတွင် အလှူငွေနှင့်ကျန်းမာရေးအသုံးအဆောင်ပစ္စည်းများ စုစုပေါင်းတန်ဖိုး (ငွေကျပ် ၄၂၁၇၁ဝဝဝဝ) ရှိကြောင်းသိရပြီး လှူဒါန်းပွဲသို့ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အလှူရှင်များ တက်ရောက်ခဲ့ကြသည်။

သန်းဇော်မင်း(ပြန်/ဆက်)