Skip to main content

COVID-19 ရောဂါ စောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း(၂၀-၃-၂၀၂၀) ရက်နေ့၊ ည (၉:၃၀) နာရီ

နေပြည်တော် မတ် ၂၀

၁။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) သည် တိုင်းဒေသကြီး/ ပြည်နယ်ဆေးရုံအသီးသီးမှ COVID-19 ရောဂါစောင့်ကြည့်လူနာများအဖြစ်သတ်မှတ်ထားရှိသော လူနာများထံမှ ဓာတ်ခွဲနမူနာ များကို ဓာတ်ခွဲစစ်ဆေးပေးလျက်ရှိပါသည်။

၂။ ယနေ့ည (၂၀-၃-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီတွင် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာ ဌာန (ရန်ကုန်) မှပေးပို့ လာသော ဓာတ်ခွဲအဖြေ (ဇယား-၁) အရ သက်ဆိုင်ရာဆေးရုံများရှိ စောင့်ကြပ်ကြည့်ရှုကုသမှုပေးလျက်ရှိသော လူနာများအနက် လူနာ (၁၇) ဦး၏ ဓာတ်ခွဲအဖြေများ တွင် Coronavirus Disease 2019 (COVID-19) ဗိုင်းရပ်စ် ရောဂါပိုးမရှိပါကြောင်း (မရှိကြောင်း) စစ်ဆေးသိရှိရပါသည်။

၃။ ခုတင် (၁၀၀၀) အထွေထွေရောဂါကုဆေးရုံကြီး၊ နေပြည်တော်တွင် (၁၈-၃-၂၀၂၀) ရက်နေ့၌ စောင့်ကြည့်လူနာအဖြစ် ကုသမှုပေးနေစဉ် သေဆုံးခဲ့သော ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်တွင် နေထိုင်သည့် အသက်(၇၄) နှစ်အရွယ်၊ အမျိုးသား တစ်ဦးနှင့် (၁၇-၃-၂၀၂၀) ရက်နေ့တွင် စောင့်ကြည့် လူနာအဖြစ် သတ်မှတ်၍ ကျိုင်းတုံမြို့နယ် ပြည်သူ့ဆေးရုံ၌ ဆေးကုသမှု ပေးနေစဉ် သေဆုံးခဲ့သော ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်တွင် နေထိုင်သော အသက် (၃၀) နှစ် အရွယ်အမျိုးသား တစ်ဦးတို့၏ ဓာတ်ခွဲအဖြေတွင် Coronavirus Disease 2019 (COVID-19) ဗိုင်းရပ်စ် ရောဂါပိုးမရှိပါ ကြောင်း (မရှိကြောင်း) စစ်ဆေးသိရှိရပါသည်။

၄။ (၁၉-၃-၂၀၂၀) ရက်နေ့တွင် ကြို့ပင်ကောက်မြို့ရှိ ပုဂ္ဂလိကဆေးရုံ တစ်ခုသို့ တက်ရောက် ဆေးကုသမှုခံယူခဲ့ပြီး ယင်းနေ့ တွင်ပင် သေဆုံးခဲ့သော ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်တွင် နေထိုင်သည့် အသက် (၇၁)နှစ် အရွယ် အမျိုးသမီးတစ်ဦး၏ ဓာတ်ခွဲအဖြေတွင် Coronavirus Disease 2019 (COVID-19) ဗိုင်းရပ်စ် ရောဂါပိုးမရှိပါ ကြောင်း (မရှိကြောင်း) စစ်ဆေး သိရှိရပါသည်။

၅။ ဆေးရုံများ၌ထားရှိ၍ အသွားအလာကန့်သတ်မှု (Hospital Quarantine) ပြုလုပ်ထားသော တောင်ဥက္ကလာပ အမျိုးသမီးနှင့်ကလေးဆေးရုံကြီးမှ မြန်မာနိုင်ငံသား (၇) ဦး၏ (၂၀-၃-၂၀၂၀) ရက်နေ့တွင် ပေးပို့သော ဓာတ်ခွဲအဖြေများတွင် Coronavirus Disease 2019 (COVID-19) ဗိုင်းရပ်စ် ရောဂါပိုး မရှိပါကြောင်း (မရှိကြောင်း) စစ်ဆေးသိရှိရပါသည်။

၆။ ယနေ့ (၂၀-၃-၂၀၂၀) ရက်နေ့၊ ည (၉:၃၀) နာရီအချိန်အထိ စောင့်ကြည့်လူနာ (၁၂) ဉီးအား သက်ဆိုင်ရာ ဆေးရုံများတွင် စောင့်ကြပ်ကြည့်ရှုကုသမှုပေးလျက်ရှိပြီး ဓာတ်ခွဲအဖြေများရရှိပါက အချိန်နှင့်တစ်ပြေးညီသတင်းထုတ်ပြန်ပေးသွား မည်ဖြစ် ပါသည်။

Ref: Ministry of Health and Sports, Myanmar