Skip to main content

ထာဝရငြိမ်းချမ်းရေး စေတီတော် ဘက်စုံမွမ်းမံ တည်ဆောက်ရေး၊ အချောသတ်လုပ်ငန်းများ ဆောင်ရွက် ရေးနှင့် နယ်စပ်တောင်တန်း ဒေသ သာသနာပြု လုပ်ငန်းများအတွက် အလှူတော်ငွေ ပေးအပ်ပွဲကျင်းပ

 

ရန်ကုန် မတ် ၂၁

ထာဝရငြိမ်းချမ်းရေးစေတီတော် ဘက်စုံမွမ်းမံတည်ဆောက်ရေး၊ အချောသတ်လုပ်ငန်းများ ဆောင်ရွက်ရေးနှင့် နယ်စပ်တောင်တန်းဒေသ သာသနာပြုလုပ်ငန်းများအတွက် အလှူတော် ငွေပေးအပ်လှူဒါန်းပွဲ အခမ်း အနားကို ယနေ့  မွန်းလွဲ ၁ နာရီ တွင် ရန်ကုန်မြို့ ကမ္ဘာအေးကုန်းမြေရှိ ဝိဇယမင်္ဂလာဓမ္မသဘင်၌ ကျင်းပ သည်။

အလှူတော်ငွေပေးအပ်လှူဒါန်းပွဲ အခမ်းအနားတွင် Fuxing Brothers Group of Companies ဥက္ကဋ္ဌ ဦးအိုင်ထွန်း+သုဓမ္မသိင်္ဂီ ဒေါ်နန်းခင်ညွန့် မိသားစုက ထာဝရ ငြိမ်းချမ်းရေး စေတီတော် ဘက်စုံ မွမ်းမံ တည်ဆောက်ရေးနှင့် အချော သတ်လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် အလှူငွေ ကျပ်သိန်း ၃၃၂၀ နှင့် နယ်စပ်တောင်တန်းဒေသ သာသနာပြု လုပ်ငန်းများ အတွက် အလှူငွေကျပ် သိန်း ၃၀၀ ၊ အဂ္ဂမဟာသီရိသုဓမ္မ မဏိဇောတဓရ ဦးဇော်မိုးခိုင် + ဒေါက်တာစောနေနွယ် (AA Medical Products Co., Ltd.) မိသားစုက  ထာဝရ ငြိမ်းချမ်း ရေးစေတီတော် ဘက်စုံမွမ်းမံတည်ဆောက်ရေးနှင့် အချောသတ်လုပ်ငန်းများ ဆောင်ရွက်ရန် အတွက် အလှူငွေကျပ် သိန်း ၁၂၀၀ နှင့် နယ်စပ်တောင်တန်းဒေသ သာသနာပြု လုပ်ငန်းများအတွက် အလှူ ငွေကျပ် သိန်း ၃၅၀ တို့ကိုလည်းကောင်း၊ ထာဝရငြိမ်းချမ်းရေးစေတီတော် ဘက်စုံမွမ်းမံ တည်ဆောက်ရေး နှင့် အချောသတ် လုပ်ငန်းများ  ဆောင်ရွက်ရန် အတွက် ဦးဝင်းဖေ + ဒေါ်ရွှေချော၊ သမီး သီရိသုဓမ္မသိင်္ဂီ ဒေါ်နီလာ၊ သီဟသုဓမ္မသိင်္ဂီ ဒေါ်နန်းဝါ မိသားစုက အလှူငွေကျပ် သိန်း ၁၀၀၀ ၊ သီရိသုဓမ္မမဏိဇောတဓရ ဦးမိုးအား အမှူးထား၍ ဗိုလ်မှူး ကျော်ကိုကိုရှိန်း+ မမိုးပြည့်ပြည့်ဖြိုး မိသားစု(မုံရွာဆရာမိုး တိုင်းရင်းဆေးဝါး ထုတ်လုပ် ရေးနှင့် KS Diamond ရတနာဆိုင်) က အလှူငွေကျပ် သိန်း ၅၀၀ ၊ SME Development Bank ဒုတိယဥက္ကဋ္ဌ ဒေါက်တာ ဇေယျာညွန့် + သီရိသုဓမ္မသိင်္ဂီ ဒေါ်အိသန္တာဘို မိသားစုက  အလှူငွေကျပ် သိန်း ၂၀၀ ၊ သီဟ သုဓမ္မသိင်္ဂီ ဒေါ်ပိုးအိဖြူမောင် (ပြည့်ဝခိုင်မာ  ဆောက် လုပ်ရေးကုမ္ပဏီ)က အလှူငွေကျပ် သိန်း ၁၀၀ နှင့် ဦးဇော်မင်းခိုင် + ဒေါ်ဥမ္မာခိုင် မိသားစု(မြန်မာ့ရိုးရာစက်မှု လက်မှုကုမ္ပဏီလီမိတက်)က အလှူငွေ ကျပ် သိန်း ၅၀ တို့ကိုလည်း ကောင်းပေးအပ်လှူဒါန်းကြရာ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန  ပြည်ထောင်စု ဝန်ကြီး သူရဦးအောင်ကိုက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ  ပြန်လည်ပေးအပ်ကာ ကျေးဇူး တင် ဝမ်းမြောက် စကား  ပြောကြားသည်။

(သတင်းစဉ်)