Skip to main content

COVID-19 ရောဂါ စောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း

(၂၁-၃-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီ
 

၁။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် ကမ္ဘာ့နိုင်ငံများတွင် ကူးစက်ပျံ့နှံ့လျက်ရှိသည့် COVID-19 လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်ပွားမှုဖြစ်စဉ်နှင့်ပတ်သက်၍ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများအား အပြည်ပြည်ဆိုင်ရာ ဝင်ပေါက်၊ ထွက်ပေါက်ဂိတ် များတွင်လည်းကောင်း၊ ဆေးရုံအခြေပြုအဖြစ်လည်းကောင်း၊ ပြည်သူလူထုအခြေပြု စောင့်ကြပ် ကြည့်ရှုခြင်း လုပ်ငန်းများဖြင့်လည်းကောင်း၊ ပုဂ္ဂလိကဆေးရုံများနှင့် ပူးပေါင်း၍လည်းကောင်း ဆောင်ရွက်လျက်ရှိပါသည်။

၂။ ထိုသို့ဆောင်ရွက်ရာတွင် (၂၀-၃-၂၀၂၀) ရက်နေ့၊ ညနေ (၆) နာရီမှ (၂၁-၃-၂၀၂၀) ရက်နေ့၊ ညနေ (၆) နာရီအထိ စောင့်ကြည့်လူနာအသစ် (၁၂) ဦး ရှိပါသည်။ (ဇယား -၁)

၃။ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) မှ ယနေ့ညနေ (၆) နာရီတွင် ပေးပို့လာ သော ဓာတ်ခွဲစစ်ဆေးချက်အဖြေများအရ သက်ဆိုင်ရာဆေးရုံများရှိ စောင့်ကြပ် ကြည့်ရှု ကုသမှုပေး လျက်ရှိသော လူနာများအနက် လူနာ (၁၁) ဦး၏ ဓာတ်ခွဲအဖြေများတွင် Coronavirus Disease 2019 (COVID-19) ဗိုင်းရပ်စ် ရောဂါပိုး မရှိပါကြောင်း (မရှိကြောင်း) စစ်ဆေးသိရှိရပါသည်။ (ဇယား -၂)

၄။ ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်တွင် နေထိုင်သော အသက် (၃၇)နှစ် အရွယ် အမျိုး သားတစ်ဦးသည် မကွေးမြို့သို့ ရောက်ရှိနေစဉ် (၁၉-၂-၂၀၂၀)ရက်နေ့မှစ၍ ဖျားခြင်း၊ ချောင်း ဆိုး ခြင်း၊ မောပန်းခြင်းစသည့် ရောဂါလက္ခဏာများခံစားခဲ့ရသဖြင့် မကွေးမြို့ ပြည်သူ့ဆေးရုံကြီးတွင် (၁၉-၃-၂၀၂၀)ရက်နေ့၊ ည (၇:၅၅)နာရီအချိန်ခန့်၌ တက်ရောက်ကုသခဲ့ရာ လူနာ တွင် လွန်ခဲ့သော (၁၄)ရက် အတွင်း ရောဂါကူးစက်မှုဖြစ်ပွားလျက်ရှိသော နိုင်ငံများသို့ ခရီးသွားရာဇဝင်မရှိခဲ့သော်လည်း အသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာများ တွေ့ရှိရ သဖြင့် စောင့်ကြည့်လူနာအဖြစ် သတ်မှတ်ကာ ဓာတ်ခွဲနမူနာရယူ၍ (၂၀-၃-၂၀၂၀) ရက်နေ့တွင် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှု ဆိုင်ရာဌာန (ရန်ကုန်)သို့ ပေးပို့စစ်ဆေးခဲ့ပါသည်။ အဆိုပါ လူနာမှာ နာတာရှည် အသည်းခြောက်ခြင်း လက္ခဏာများ စစ်ဆေးတွေ့ရှိရပြီး လူနာအား လိုအပ်သော ဆေးဝါးကုသမှုများ ပေးနေစဉ် (၂၀-၃-၂၀၂၀) ရက်နေ့၊ ည(၈:၂၀)နာရီအချိန်ခန့်တွင် သေဆုံးသွားခဲ့ကြောင်း သိရှိရပါသည်။ သေဆုံးရသော အကြောင်း အရင်းမှာ ပြင်းထန်အဆုတ်ရောင်ရောဂါနှင့် အသည်းခြောက်ခြင်း၏ နောက်ဆက်တွဲ ဆိုးကျိုးများ ကြောင့် ဖြစ်ပါသည်။ ယနေ့ ညနေ (၆)နာရီတွင် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှု ဆိုင်ရာဌာန (ရန်ကုန်)မှ ပေးပို့လာသည့် ဇယား-၂ ပါ ဓာတ်ခွဲအဖြေအရ အဆိုပါ သေဆုံးသူတွင် Coronavirus Disease 2019 (COVID-19) ဗိုင်းရပ်စ် ရောဂါပိုးမရှိပါကြောင်း (မရှိကြောင်း) သိရှိရပါသည်။

၅။ ဆေးရုံများ၌ထားရှိ၍ အသွားအလာကန့်သတ်မှု (Hospital Quarantine) ပြုလုပ်ထားသော တောင်ဥက္ကလာပ အမျိုးသမီးနှင့်ကလေးဆေးရုံကြီး၊ လူနာဆောင်သစ်မှ မြန်မာနိုင်ငံသား (၂) ဦး၏ (၂၁-၃-၂၀၂၀) ရက်နေ့ တွင် ပေးပို့သော ဓာတ်ခွဲအဖြေများတွင် Coronavirus Disease 2019 (COVID-19) ဗိုင်းရပ်စ် ရောဂါပိုး မရှိပါကြောင်း (မရှိကြောင်း) စစ်ဆေး သိရှိရပါသည်။

၆။ ယနေ့ (၂၁-၃-၂၀၂၀) ရက်နေ့၊ ညနေ (၆) နာရီအချိန်အထိ စောင့်ကြည့်လူနာ (၁၁) ဦးအား သက်ဆိုင်ရာဆေးရုံများတွင် စောင့်ကြပ်ကြည့်ရှုကုသမှုပေးလျက်ရှိပါသည်။

၇။ (၂၁-၃-၂၀၂၀) ရက်နေ့အထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ မတွေ့ရှိသေးသော်လည်း ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများကို အရှိန်အဟုန်မြှင့်၍ ဆောင် ရွက်လျက်ရှိပါသည်။ ယခုအခါ တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံအချို့ အပါအဝင် ကမ္ဘာ့နိုင်ငံ (၁၇၇) နိုင်ငံတွင် COVID-19 ရောဂါ ကူးစက်ဖြစ်ပွားလျက်ရှိသဖြင့် ပြည်သူ လူထုအနေ ဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ရောဂါကာကွယ်ရေးဆိုင်ရာ ကျန်းမာရေး အသိပညာပေးအချက်အလက်များအား တိကျစွာ လိုက်နာ ဆောင်ရွက်ရန် နှိုးဆော်အပ်ပါသည်။

Ref; Ministry of Health and Sports, Myanmar