နိုင်ငံတော်၏ ကုန်ထုတ်စွမ်းအားတိုးတက်စေရေးကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြု ရာတွင် စက်ရုံအလုပ်ရုံများ၏ ကုန်ထုတ်စွမ်းအားတိုးတက်ရေးအတွက် လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေး၊ လုပ်ငန်းခွင်အေးချမ်းသာယာရေး၊ စက်ရုံ၊ အလုပ်ရုံများရှိ အလုပ်သမားများအား လူမှုဖူလုံရေး အကျိုးခံစားခွင့်များရရှိရေးနှင့် ဆေးဝါးကုသပေးခြင်း၊ ဥပဒေပါ ရပိုင်ခွင့်များကို ပြည့်ပြည့်ဝဝမှန်မှန်ကန်ကန် ရရှိစေရေးတို့အား အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိသည်။
အလုပ်သမားညွှန်ကြားရေး ဦးစီးဌာနအနေဖြင့် အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ် ပုံစံဖြင့် ကျား ၅၅၉၂ ဦး၊ မ ၁၆၀၄၉ ဦးတို့အတွက် အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ် စုစုပေါင်း ၂၁၆၄၁ ဦးချုပ်ဆိုခဲ့သည်။ အလုပ်ရှင် အလုပ်သမားအငြင်းပွားမှုများကို ညှိနှိုင်းဖျန်ဖြေ ပေးရန်အတွက် မြို့နယ်များတွင် မြို့နယ်ညှိနှိုင်းဖျန်ဖြေရေး အဖွဲ့များကို ဖွဲ့စည်းထားရှိ ဆောင်ရွက်ခဲ့ရာ ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလအတွင်း လက်ခံရရှိမှု ၁၇၄ မှုတွင် အခြားဌာနသို့ လွှဲပြောင်းမှု ၁၀ မှု၊ ကျေအေးမှု ၄၁ မှု၊ ခုံသမာဓိအဖွဲ့သို့လွှဲပြောင်းမှု ၂၆ မှု၊ ပိတ်သိမ်းမှု ၁၁ မှု၊ ငွေကြေးအကျိုးခံစားခွင့် ၄၈ မှုနှင့် လက်ကျန်အမှု ၃၈ မှုတို့ဖြစ်ပြီး ငွေကြေးအကျိုးခံစားခွင့်ရှိသူ ၁၉၃ ဦးအား ငွေကျပ်၁၀၃၁၀၀၆၅၀ကို ခံစားခွင့်ရရှိစေခဲ့သည်။ ကျွမ်းကျင်လုပ်သားများရရှိစေရန် လေ့ကျင့်ပေးခြင်းနှင့် ကျွမ်းကျင်မှုအဆင့်အလိုက် ကျွမ်းကျင်လုပ်သားများအား ကျွမ်းကျင်မှု စစ်ဆေးအကဲဖြတ်၍ အသိအမှတ်ပြု လက်မှတ်များထုတ်ပေးခြင်းများအနေဖြင့် အောက်ပါ အတိုင်းဖြစ်သည်-
အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေး ဦးစီးဌာနအနေဖြင့် အများပြည်သူအလုပ်ပိတ်ရက် အလုပ်လုပ်ခြင်း၊ လုပ်သက်ခွင့်ကို ငွေကြေးဖြင့် ခံစားခွင့်ပေးခြင်း၊ လုပ်အားခကျန်ငွေမရရှိမှုများ၊ အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေး ရေးဦးစီးဌာနအနေဖြင့် အများပြည်သူ အလုပ်ပိတ်ရက် အလုပ်လုပ်ခြင်း၊ လုပ်သက်ခွင့်ကို ငွေကြေးဖြင့် ခံစားခွင့်ပေးခြင်း၊ လုပ်အားခကျန်ငွေမရရှိမှုများ၊ ရှောင်တခင်ခွင့်၊ ဆေးခွင့်နှင့် မီးဖွားခွင့်များယူရာတွင် ငွေကြေးခံစားခွင့်များရရှိအောင် ဆောင်ရွက်ပေးခဲ့ရာ ငွေကြေးခံစားခွင့် ငွေကျပ်သိန်းပေါင်း ၄၄၀၀ ကျော်ကို ခံစားခွင့်ပေးနိုင်ခဲ့ပြီး စက်ရုံ အလုပ်ရုံများတွင် အလုပ်သမားများ လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးအသိပညာရရှိစေရန်အတွက် မြို့နယ်အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေး ဦးစီးဌာန၊ စစ်ဆေးရေးအရာရှိများက စက်ရုံအလုပ်ရုံ ၃၀၃ ရုံမှ အလုပ်ရှင်၊ အလုပ်သမားများအား လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေး၊ ကျန်းမာရေးဆိုင်ရာနှင့် ဥပဒေရေးရာသိမှတ်ဖွယ်ရာ များအား ပညာပေးဟောပြောပို့ချမှု ၂၀၇ ကြိမ် ဆောင်ရွက်ခဲ့သည်။
အလုပ်သမားရေးရာဆက်ဆံရေး ဦးစီးဌာနအနေဖြင့် အလုပ်ရှင်အလုပ်သမားအငြင်းပွားမှုများ ဖြေရှင်းဆောင်ရွက်ရာ၌ ခုံသမာဓိအဖွဲ့တွင်(၉)မှုနှင့် ခုံသမာဓိကောင်စီတွင်(၆)မှုကို ဖြေရှင်း ဆောင်ရွက်ပေးနိုင်ခဲ့သည်။
လူမှုဖူလုံရေးအဖွဲ့အနေဖြင့် လူမှုဖူလုံရေးဥပဒေတွင် အကျုံးဝင်သောစက်ရုံ၊ အလုပ်ရုံများရှိ အလုပ်သမားများအား လူမှုဖူလုံရေးအကျိုးခံစားခွင့်များရရှိရေးနှင့် ဆေးဝါးကုသပေးခြင်းများ ဆောင်ရွက်ရာတွင် ငွေကြေးအကျိုးခံစားခွင့်များ ထုတ်ပေးမှုအနေဖြင့် အာမခံအလုပ်သမားများ အား ငွေကြေးအကျိုးခံစားခွင့်များအလိုက် ငွေကျပ်သိန်းပေါင်း ၁၄၀၀၀ ကျော် အကျိုးခံစားခွင့် ပေးခဲ့ပြီး အာမခံအလုပ်သမား ၁၃၄၈ ဦးအတွက် ဆေးဖိုးကုန်ကျငွေကျပ်သိန်း ၁၄၀၀ ကျော် ပြန်လည်ထုတ်ပေးခဲ့သည်။
အာမခံအလုပ်သမားများအား ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလအတွင်း အလုပ်သမားဆေးရုံကြီး များ၊ လူမှုဖူလုံရေး ဆေးခန်းများနှင့်ဌာနကြီးဆေးခန်းများတွင် ဆေးကုသပေးမှုအခြေအနေ များမှာ အောက်ပါအတိုင်းဖြစ်သည်-