Skip to main content

မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ မုဒုံပြည်သူ့ဆေးရုံနှင့် အားကစားကွင်းသို့ ကြည့်ရှုစစ်ဆေး

 

မုဒုံ      မတ်       ၂၃

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်ပြည်သူ့ဆေးရုံ အတွင်း ရှိ လူနာဆောင်များ၌ ဆေးကုသခံယူနေသည့် လူနာများအား ပြည်နယ်ဝန်ကြီးချုပ်က ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်၍ အားပေး စကား ပြောကြားခဲ့သည်။

ထို့နောက် ကိုရိုနာဗိုင်းရပ်(စ်)  ကူးစက်ရောဂါနှင့် ပတ်သက်၍ မုဒုံပြည်သူ့ဆေးရုံအတွင်း၌ စီစဉ် ဆောင်ရွက်ထားမှု အခြေအနေများကို မေးမြန်ခဲ့ရာ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးမှုဒေါက်တာ မြင့်သိန်းဦးက ကုသရေး လုပ်ငန်းများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် ကာကွယ်ရေး လုပ်ငန်းများ ကြိုတင်ဆောင်ရွက် ထားကြောင်း၊ သံသယ လူနာတွေ့ရှိပါက သီးသန့် လူနာဆောင်များ ဆောင်ရွက်ထားကြောင်း ရှင်းလင်းတင်ပြခဲ့သည်။ ဆက်လက်၍ ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ဆေးရုံဝင်းအတွင်းသို့ လှည့်လည်ကြည့်ရှု စစ်ဆေးကာ တာဝန်ရှိ သူများအား လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရသည်။

ယင်းနောက် မြို့နယ် အား/ကာ ဦးစီးဌာန၊ ရွှေဟင်္သာ အားကစားခန်းမသို့ ရောက်ရှိကာ မြို့နယ် အား/ကာ ဦးစီးမှူး ဒေါ်နွယ်နီစံက မြို့နယ်အားကစား ကွင်းဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်း တင်ပြရာ ဝန်ကြီးချုပ် ဒေါက်တာအေးဇံမှ လိုအပ်သည်များကိုမှာကြားခဲ့ကြောင်း သိရှိရသည်။

အောင်မျိုးသူ(ပြန်/ဆက်)