Skip to main content

မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်နှင့် ကော်မရှင် ပြုပြင်ပြောင်းလဲရေးဆိုင်ရာ အရပ်ဘက်အဖွဲ့အစည်းများ လုပ်ငန်းအဖွဲ့မှ ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေး

နေပြည်တော် မတ် ၂၃

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်နှင့် ကော်မရှင်ပြုပြင်ပြောင်းလဲရေးဆိုင်ရာ အရပ်ဘက်အဖွဲ့အစည်းများ လုပ်ငန်းအဖွဲ့(CSO Working Group on Myanmar National Human Rights Commission Reform)မှ ကိုယ်စားလှယ်အဖွဲ့တို့သည် မတ် ၂၀ ရက် မွန်းလွဲပိုင်း တွင် ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်ရုံး၌ တွေ့ဆုံ၍ ကော်မရှင်နှင့် အရပ်ဘက်အဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက် နိုင်မည့် လုပ်ငန်းရပ်များ၊ ကော်မရှင်ပြုပြင်ပြောင်းလဲရေးဆိုင်ရာ အရပ်ဘက်အဖွဲ့အစည်းများ လုပ်ငန်းအဖွဲ့၏အကြံပြုချက်များနှင့် စပ်လျဉ်း၍ ပူးပေါင်းလုပ်ဆောင်နိုင်မည့် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံဆွေးနွေးပွဲသို့ ကော်မရှင်ဥက္ကဋ္ဌ ဦးလှမြင့်၊ ဒုတိယဥက္ကဋ္ဌ ဒေါက်တာနန္ဒာမွှန်း၊ ကော်မရှင်အဖွဲ့ဝင်များဖြစ်ကြသည့် ဦးပေါ်လွင်စိန်၊ ဒေါက်တာ သန်းမြင့်၊ ဒေါက်တာတင်မောင် မောင်သန်း၊ ဒေါက်တာမြင့်သူမြိုင်နှင့် ဒေါ်တင်ကြည်ဦးတို့ တက်ရောက်ကြပြီး ကော်မရှင်ပြုပြင်ပြောင်းလဲရေးဆိုင် ရာ အရပ်ဘက်အဖွဲ့အစည်းများ လုပ်ငန်းအဖွဲ့မှ ဦးအောင်မျိုးမင်း (ညီမျှခြင်းမြန်မာ)၊ မစုရီထွန်း (Human Rights Educators Network)၊ ဦးပြည့်ဖြိုး(Lawka Alin)နှင့် ဦးဗညား (Karenni Human Rights Group)တို့ တက်ရောက်ခဲ့ကြသည်။

သတင်းစဉ်