Skip to main content

PPE ဝတ်စုံ ၁၀၀၀ နှင့် အပူချိန်တိုင်းစက်ကိရိယာ ၂၀ ဖားကန့်ဆေးရုံသို့ လှူဒါန်းမည်

ဖားကန့် မတ် ၂၄

ဖားကန့်မြို့နယ်တွင် COVID – 19 ကြိုတင်ကာကွယ်မှုဆိုင်ရာ ပံ့ပိုးကူညီရေးကော်မတီမှ ကူးစက်မှုရောဂါ ကာကွယ်ရေး ဝတ်စုံဖြစ်သည့် PPE ဝတ်စုံ ၁၀၀၀ နှင့် အပူချိန်တိုင်းစက်ကိရိယာ အခု ၂၀ ကို ဝယ်ယူသွားမည်ဖြစ်ကြောင်းနှင့် မြို့နယ်အတွင်းရှိ ဆေးရုံများမှ ကျန်းမာရေးဝန်ထမ်းများနှင့် လူမှုကူညီရေးအသင်းများသို့ အချိုးကျ လှူဒါန်း သွားမည်ဖြစ်ကြောင်း COVID-19 ကြိုတင်ကာကွယ်မှုဆိုင်ရာ ပံ့ပိုးကူညီရေးအဖွဲ့ကော်မတီ ဥက္ကဋ္ဌ ဦးသိန်းတန်က မတ် ၂၂ ရက်တွင် ပြောကြားသည်။

ဖားကန့်မြို့နယ်သည် ရေမဆေးကျောက်ရှာသူများ ကြောင်း၊ အသိပညာပေးလုပ်ငန်းများကို လုပ်ဆောင်လျက်ရှိ ကြောင်း၊ ဖားကန့်သို့ ရောက်ရှိလာသူများထဲတွင် သံသယလူနာတွေ့ရှိပါက သက်ဆိုင်ရာကို အမြန်ဆုံး သတင်းပေးပို့ သွားမည် ဖြစ်ကြောင်း ဖားကန့်မြို့နယ် ဒုတိယအုပ်ချုပ်ရေးမှူး ဦးဖုန်ဂရိန်က ပြောသည်။

ငွေအိုး (ကသာ)