Skip to main content

COVID-19 ရောဂါ စောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း (၂၇-၃-၂၀၂၀) ရက်နေ့၊ ည (၈ : ၀၀) နာရီ

COVID-19 ရောဂါ စောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း

(၂၇-၃-၂၀၂၀) ရက်နေ့၊ ည (၈ : ၀၀) နာရီ

၁။ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် ကမ္ဘာ့နိုင်ငံများတွင် ကူးစက်ပျံ့နှံ့လျက်ရှိသည့် COVID-19 လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်ပွားမှုဖြစ်စဉ်နှင့်ပတ်သက်၍ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများအား အပြည်ပြည်ဆိုင်ရာ ဝင်ပေါက်၊ ထွက်ပေါက်ဂိတ် များတွင်လည်းကောင်း၊ ဆေးရုံအခြေပြုအဖြစ်လည်းကောင်း၊ ပြည်သူလူထု အခြေပြု စောင့်ကြပ် ကြည့်ရှုခြင်းလုပ်ငန်းများဖြင့်လည်းကောင်း၊ ပုဂ္ဂလိကဆေးရုံများနှင့် ပူးပေါင်း၍လည်းကောင်း ဆောင်ရွက် လျက်ရှိပါသည်။

၂။(၂၆-၃-၂၀၂၀) ရက်နေ့၊ ညနေ (၆) နာရီမှ (၂၇-၃-၂၀၂၀) ရက် နေ့၊ ညနေ (၆) နာရီအထိ စောင့်ကြည့်လူနာအသစ် (၄၇) ဦး ရှိပါသည်။

၃။ယနေ့ (၂၇-၃-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီအချိန်အထိ စောင့်ကြည့်လူနာ (၆၈) ဉီးအား သက်ဆိုင်ရာဆေးရုံများတွင် စောင့်ကြပ်ကြည့်ရှုကုသမှုပေးလျက်ရှိပြီး ဓာတ်ခွဲအဖြေများရရှိပါက အချိန်နှင့်တစ်ပြေးညီ သတင်းထုတ်ပြန်ပေးသွား မည်ဖြစ်ပါ သည်။

၄။COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ (၅) ဦးအနက် ချင်းပြည်နယ်၊ တီးတိန်ပြည်သူ့ ဆေးရုံတွင် ကုသမှုခံယူလျက်ရှိသော လူနာ (၁) ဦး၊ ရန်ကုန်မြို့၊ ဝေဘာဂီအထူးကု ဆေးရုံကြီးတွင် ကုသမှုခံယူလျက်ရှိသော လူနာ (၂) ဦးနှင့် မန္တလေးမြို့၊ ကန်တော်နဒီဆေးရုံတွင် ကုသမှုခံယူလျက်ရှိ သော လူနာ (၁) ဦး၊ စုစုပေါင်း (၄) ဦးတို့၏ ကျန်းမာရေးအခြေအနေမှာ သက်သာကောင်းမွန်လျက် ရှိပါသည်။ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ ဓာတ်ခွဲအတည်ပြုလူနာအား (၂၇-၃-၂၀၂၀) ရက်နေ့၊ နံနက်ပိုင်းတွင် ဝေဘာဂီအထူးကုဆေးရုံကြီးသို့ လွှဲပြောင်းကုသမှုခံယူစေခဲ့ပြီး အထူးကြပ်မတ်ခန်း၌ သီးခြားထားရှိ၍ ဆေးကုသမှု ပေးလျက်ရှိပါသည်။