Skip to main content

တိကျစွာလိုက်နာ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့်ဘေးဒုက္ခအခက်အခဲများအား ကျော်လွှား

တစ်ကမ္ဘာလုံးဖြစ်ပွားနေသော COVID - 19 ရောဂါ၏ နောက်ဆက်တွဲ အကျပ်အတည်းများကို မြန်မာနိုင်ငံလည်း ရင်ဆိုင်ကြုံတွေ့နေရသည်။ရောဂါကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးနှင့်ပတ်သက်၍ အစောပိုင်းကတည်းက အမျိုးသား အဆင့်ဖွဲ့စည်းပြီး တက်တက်ကြွကြွ အားသွန်ခွန်စိုက် ဆောင်ရွက် လျက်ရှိသည်။ လွန်ခဲ့သောရက်က ရောဂါပိုးတွေ့သူ သုံးဦး၊ မတ်လ ၂၇ ရက်နေ့တွင် ရောဂါပိုးတွေ့သူ နှစ်ဦး၊ မတ်လ ၂၈ ရက်နံနက်က ၀၀:၁၅ နာရီ ထုတ်ပြန်ချက်ပါ ရောဂါပိုးတွေ့ရှိသူ သုံးဦး စုစုပေါင်း ရှစ်ဦးရှိပြီဖြစ်သည်။

ရောဂါကင်းဝေးရေးအတွက် အစိုးရကမပြတ်သောသတိဖြင့် အလေးထားဆောင်ရွက်နေသော်လည်း အဓိကမှာ ပြည်သူသာ လျှင်ဖြစ်၍ ရောဂါ ကင်းဝေးရေးအတွက် ထုတ်ပြန်ထားသောအချက်များကို တိကျစွာလိုက်နာခြင်း၊ ပူးပေါင်း ဆောင်ရွက် ခြင်းဖြင့် ဘေးဒုက္ခအခက်အခဲအကျပ်အတည်းများ ကို ကျော်လွှားလွန်မြောက်နိုင်ရန် ပါဝင်ကြရမည် ဖြစ်သည်။ ရောဂါကူး စက် ပြန့်ပွားမှုမရှိစေရေးအတွက် အတိုင်းအတာတစ်ခုအထိ အခြေအနေတည်ငြိမ်အောင် ဆောင်ရွက်နေသော်လည်း ရောဂါကြောင့် နောက်ဆက်တွဲပေါ်ပေါက် လာသည့် လူမှုစီးပွားအခက်အခဲများမှာ ကြီးမားသောစိန်ခေါ်မှုအဖြစ် ရှိနေမည် ဖြစ်သည်။

လုပ်ငန်းများ၌ COVID -19 ရောဂါကြောင့် ကုန်ကြမ်းပြတ်လပ်ခြင်း၊ အမှာစာမရရှိခြင်း၊ အရှုံးပေါ်ခြင်းနှင့် အခြား အကြောင်းအမျိုးမျိုးတို့ဖြင့် စက်ရုံ၊ အလုပ်ရုံများ အပြီးပိတ်သိမ်းခြင်း၊ ယာယီပိတ်သိမ်းခြင်း၊ အင်အားလျှော့ချခြင်း တို့ရှိမည်ဖြစ်ပြီး အလုပ်ရှင်၊ အလုပ်သမားအငြင်းပွားမှု၊ အလုပ်သမားဆန္ဒပြမှု၊ အလုပ်လက်မဲ့ပြဿနာများ ဖြစ်ပေါ် လာနိုင်ခြင်းတို့အပြင် ပြည်ပနိုင်ငံများသို့ အလုပ်သမားစေလွှတ်မှုများ ယာယီရပ်ဆိုင်းခြင်းနှင့် ပြည်ပမှပြန်လည်ဝင်ရောက်လာ သော အလုပ်သမားပြဿနာများ၊ ရောဂါ ကာကွယ်ရေးစိန်ခေါ်မှုများမှာ ဆက်လက်ဖြစ်ပေါ်လာနိုင်ပါသည်။

လုပ်ငန်းများ၌ COVID -19 ရောဂါကြောင့် ကုန်ကြမ်းပြတ်လပ်ခြင်း၊ အမှာစာမရရှိခြင်း၊ အရှုံးပေါ်ခြင်းနှင့် အခြားအကြောင်း အမျိုးမျိုးတို့ဖြင့် စက်ရုံ၊ အလုပ်ရုံများ အပြီးပိတ်သိမ်းခြင်း၊ ယာယီပိတ်သိမ်းခြင်း၊ အင်အားလျှော့ချခြင်းတို့ရှိမည်ဖြစ်ပြီး အလုပ်ရှင်၊ အလုပ်သမားအငြင်းပွားမှု၊ အလုပ် သမားဆန္ဒပြမှု၊ အလုပ်လက်မဲ့ပြဿနာများ ဖြစ်ပေါ်လာနိုင်ခြင်းတို့အပြင် ပြည်ပနိုင်ငံများသို့ အလုပ်သမားစေလွှတ်မှုများ ယာယီရပ်ဆိုင်းခြင်းနှင့် ပြည်ပမှပြန်လည် ဝင်ရောက်လာသော အလုပ်သမားပြဿနာများ၊ ရောဂါ ကာကွယ်ရေးစိန်ခေါ်မှုများမှာ ဆက်လက်ဖြစ်ပေါ်လာနိုင်ပါသည်။

အဆိုပါအလုပ်သမားများသည် မိမိတို့အတွက် ဆုံးရှုံးနစ်နာမှုများ၊ အခက်အခဲများရှိနေသည်မှာမှန်သော်လည်း တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် ဖြစ်ပွားနေသော ရောဂါဘေးအန္တရာယ်ဖြစ်၍ သတ်မှတ်ထားသော ညွှန်ကြား ချက်များနှင့် လိုက်နာ ဆောင်ရွက်ရန်အချက်များကို ပထမဦးစွာ လေးစားလိုက်နာ ပူးပေါင်းဆောင်ရွက်ကြဖို့လိုမည်ဖြစ်သည်။ အိမ်နီးချင်းနိုင်ငံများ တွင် အဆိုပါရောဂါနှင့်ပတ်သက်၍ ဥပဒေနှင့်အညီ လိုက်နာဆောင်ရွက်ရန် တင်းတင်းကျပ်ကျပ် ပြင်းပြင်းထန်ထန် ပြုလုပ်နေသည်ကို မြင်တွေ့ရမည် ဖြစ်သည်။

အလုပ်သမားများမှာ အလုပ်ဆက်လက်လုပ်ကိုင်လိုပြီး အလုပ်ရှင်များ မှာလည်း လုပ်ငန်း မပျက်ယွင်းလိုကြပေ။ သို့သော် အခြေအနေ အကြောင်းကြောင်းကြောင့် လုပ်ငန်းရပ်ဆိုင်းနေသည်ကို နားလည်မှုပေးရမည်ဖြစ်သည်။ နိုင်ငံတော် အစိုးရအနေဖြင့်လည်း အထည်ချုပ်လုပ်ငန်းများအပါအဝင် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း၊ အသေးစားစက်မှု လက်မှုလုပ်ငန်း များ အတွက် ငွေကျပ်ဘီလီယံ ၁၀၀ ကို သက်သာသောနှုန်းထားဖြင့် အလုပ် သမားများ၊ အလုပ်ရှင်များ အတွက် ထုတ်ပေးရန် ကနဦးမတည်ငွေအဖြစ် ထူထောင်ထားရှိပြီးဖြစ်သည်။ ထို့အပြင် အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ အတွက် သက်သာသောနှုန်းထားများဖြင့်ချေးငွေများထုတ်ချေးပေးနေပြီး ဒေသအလိုက် စီးပွားရေး လုပ်ငန်းများ တိုးချဲ့ တီထွင်ဖန်တီးလုပ်ကိုင်ခြင်းဖြင့် အခက်အခဲများ လျော့ပါးသက်သာအောင် ပူးပေါင်း လက်တွဲဆောင်ရွက်ကြရမည်ဖြစ်သည်။

သို့ဖြစ်ရာ မျက်မှောက်ကာလကြုံတွေ့နေရသော ရောဂါဘေးအန္တရာယ်နှင့် နောက်ဆက်တွဲ လူမှုစီးပွား ထိခိုက်မှု အခက်အခဲ များမှာ တစ်ကမ္ဘာလုံး ကပ်ဘေး၊ တစ်ကမ္ဘာလုံးကြုံတွေ့ရသည့် အခက်အခဲများဖြစ်၍ နိုင်ငံတော် အစိုးရက တတ်နိုင်သည့် ဘက်မှ အတတ်နိုင်ဆုံး၊ အကောင်းဆုံးဖြစ်အောင် ကြိုးပမ်းဆောင်ရွက်ပေးနေသကဲ့သို့ ပြည်သူ ပြည်သားများအနေဖြင့်လည်း ချမှတ်ထားသောစည်းမျဉ်းစည်းကမ်းများ၊ လိုက်နာဆောင်ရွက်ရန်အချက် များနှင့် ဆောင်ရွက်ပေးနေသည့်အစီအမံများကို အလေးအနက်ထားကာ တိကျစွာလိုက်နာပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ဘေးဒုက္ခနှင့် အခက်အခဲများ ကို ကျော်လွှားနိုင်အောင် လက်တွဲဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။