တီးတိန် မတ် ၂၇
COVID-19 ရောဂါ ထိန်းချုပ်ရေး အတွက် ချင်းပြည်နယ်အစိုးရအဖွဲ့မှ ပေးပို့သော ဆန်အိတ် ၆၇၀ ၊ ဆီ ၁၀ ပိဿာဝင် ၄၃ ပုံး၊ ကုလားပဲ အိတ်ကြီး ၁၄ အိတ်၊ အိတ်သေး တစ်အိတ်၊ ဆားအိတ်ကြီး ၁၇ အိတ်၊ အိတ်သေး တစ်အိတ် တီးတိန်မြို့သို့ ယနေ့ရောက်ရှိလာသည်။
အလားတူ KMSS အဖွဲ့အစည်းမှ ဆန်အိတ် ၁၅၀၊ PSI အဖွဲ့အစည်းမှ ဆန်အိတ် ၂၅၀ ကိုလည်း ကပ်တဲလ် ကျေးရွာနေ ပြည်သူများအတွက် လှူဒါန်းကြကြောင်း သိရသည်။
ပေါင်ကျင့်မုန်(ပြန်/ဆက်)