Skip to main content

ဖျာပုံမြို့နယ်၌ ကျပ် ၁၀၀၀၀ တန် ငွေစက္ကူအတုများ သိမ်းဆည်းရမိ

နေပြည်တော် မတ် ၂၇

ဖျာပုံမြို့နယ် ဂျိုဝါကြံခင်းကျေးရွာ၌ ကျပ် ၁၀၀၀၀ တန် ငွေစက္ကူအတုများအား Wave Money ဖြင့် လွှဲပေးနေကြောင်း သတင်းအရ မတ် ၂၆ ရက် နံနက် ၄ နာရီခွဲတွင် ကျုံကျိုက်ရဲကင်းစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့ က ကျုံကျိုက်ကျေးရွာမှ ဂျိုဝါကြံခင်းကျေးရွာသို့ ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် (၅၆)ရပ်ကွက်နေ အောင်အောင်ပါ ခြောက်ဦး အား ဆိုင်ကယ်သုံးစီးဖြင့် တွေ့ရှိ၍ စစ်ဆေးရာ ၎င်းတို့ထံမှ ကျပ် ၁၀၀၀၀ တန် ငွေစက္ကူအတုအရွက် ၁၃၀ နှင့် ငွေကျပ် ၃၆၆၁၀၀ တို့ကို သိမ်းဆည်းရမိခဲ့သည်။

အဆိုပါဖြစ်စဉ်ကို စစ်ဆေးမေးမြန်းရာ လွန်ခဲ့သော တစ်လခန့်က သင်္ဃန်းကျွန်းမြို့နယ် ရခိုင်ကျောင်းမှတ်တိုင်အနီးနေ ကိုပေါက်က ကျပ် ၁၀၀၀၀ တန် ငွေစက္ကူအတု အရွက် ၃၀၀ အားပေးပြီး Wave Money မှတစ်ဆင့် ပြန်လည်လွှဲပေးခိုင်း၍ ဖျာပုံ မြို့နယ် ဒေါ်ညိမ်း၊ ဘုန်းကြီးသောင်၊ ကုလားထိပ်၊ နောက်မီးကျေးရွာများရှိ Wave Money ဆိုင်များမှ ငွေကျပ် ၁၇ သိန်းအား ကိုပေါက်ထံ လွှဲပေးခဲ့ကြောင်း၊ လွှဲပေးခအဖြစ် ငွေကျပ် ၁ သိန်းလျှင် ၁၈၀၀၀ နှုန်းရရှိကြောင်း၊ ကျန်ရှိသည့် ကျပ် ၁၀၀၀၀ တန် ငွေစက္ကူအတု အရွက် ၁၃၀ အား ဂျိုဝါကြံခင်းကျေးရွာ၌ Wave Money ဖြင့် လွှဲပေးရန်လာစဉ် ဖမ်းဆီးခံရ ကြောင်း သိရသဖြင့် အောင်အောင်ပါ ခြောက်ဦးအား ဖျာပုံမြို့မရဲစခန်းက အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

ရဲပြန်ကြား