Skip to main content

တရုတ်နိုင်ငံမှ COVID -19 ရောဂါကာကွယ်ရေး ဆေးပစ္စည်းတန်ချိန် (၂ ဒသမ ၄၅)တန် လေယာဉ်ဖြင့်ပို့ ဆောင်ထောက်ပံ့

ရန်ကုန် မတ် ၂၇

မြန်မာနိုင်ငံတွင် တွေ့ရှိနေသော COVID - 19 ရောဂါ ကာကွယ်ရေးနှင့် တိုက်ဖျက် ရေးလုပ်ငန်းဆောင်ရွက်ရန် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ဆေးပစ္စည်းနှင့် ရောဂါကာ ကွယ်ရေးပစ္စည်းများစုစုပေါင်း တန်ချိန် ၂ ဒသမ ၄၅ တန်ကို မတ် ၂၆ ရက် ညပိုင်းက CHINA EASTERN လေကြောင်းလိုင်းဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ပို့ဆောင်ကာထောက်ပံ့ပေးကြောင်း မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးမှ သိရသည်။

" တရုတ်အစိုးရရဲ့အကူအညီအဖြစ် ထောက်ပံ့ပေးတာပါ။ တရုတ်နိုင်ငံအနေနဲ့ကလည်း လာမဲ့အနာဂတ်မှာ မြန်မာနိုင်ငံမှာတွေ့ရှိနေတဲ့ COVID - 19 ရောဂါကာကွယ်ရေး နဲ့ ထိန်းချုပ် ရေးလုပ်ငန်းတွေကို တွင်တွင်ကျယ်ကျယ်ဆောင်ရွက်နိုင်အောင် ပူးပေါင်းဆောင်ရွက်တဲ့အနေနဲ့ အခုလို ဆေးပစ္စည်းနဲ့ ကာကွယ်ရေးပစ္စည်းတွေထောက်ပံ့ပေးတာပါ"ဟု မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး H.E.Mr CHEN Hai ကပြောသည်။

မတ် ၂၆ ရက် ညပိုင်းက CHINA EASTERN လေကြောင်း လိုင်းဖြင့်ရောက်ရှိလာသော COVID-19 ရောဂါကာကွယ်ရေးနှင့်ထိန်းချုပ်ရေးပစ္စည်းများဖြစ်သော PPE ၀တ်စုံ နှင့် နှာခေါင်းစည်း (Mask)များအပြင်ရောဂါရှာဖွေရာတွင်အသုံးပြုသော ဆေးဘက်ဆိုင်ရာကာ ကွယ်ရေး၀တ်စုံများ၊ ရောဂါရှာဖွေရေးစမ်းသပ်ကိရိယာများနှင့် ဆက်စပ်ဆေးပစ္စည်းများအပါ၀င် စုစုပေါင်းတန်ချိန် ၂ ဒသမ ၄၅ တန် ကို ထောက်ပံ့ပေးကြောင်းမြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးမှ သိရသည်။

အဆိုပါဆေးပစ္စည်းများထောက်ပံ့ပေးမှုနှင့်ပတ်သက်၍ရန်ကုန်မြို့အခြေစိုက်ဆင်ဟွာသတင်းအေဂျင်စီကလည်းသတင်းတစ်ရပ်ထုတ်ပြန်ထားသည်။ ယခုအခါ ကမ္ဘာ နှင့်တစ်ဝန်း COVID-19 ရောဂါတွေ့ရှိနေချိန် ကာလများအတွင်း တရုတ်အစိုးရအနေဖြင့် ဆေး၀န်ထမ်းများနှင့် ဆေးဝါး ထောက်ပံ့မှုကို အာရှနိုင်ငံ ၂၈ ခု /အာဖရိက ၂၆ နိုင်ငံ/ဥရောပ ၁၆ နိုင်ငံ/အမေရိကတိုက်နိုင်ငံပေါင်း ၉ နိုင်ငံ ၊တောင်ပစိဖိတ်နိုင်ငံ ၁၀ နိုင်ငံတို့အပါ၀င် နိုင်ငံပေါင်း ၈၉ နိုင်ငံနှင့် နိုင်ငံတကာ အဖွဲ့ အစည်းလေးခုတို့အားဆေးဝါးထောက်ပံ့မှုများပေးခဲ့ကြောင့်းကိုထောက်ပံ့ ကာ ဆေးဝါးထောက်ပံ့ရေး အကောင်အထည်ဖော်မှုအစီအစဉ်သစ်တစ်ခုအဖြစ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း တရုတ်နိုင်ငံတကာဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီမှ သိရသည်။

မြင့်မောင်