နေပြည်တော် မတ် ၂၇
မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းနှင့် ရေနံရှာဖွေတူးဖော်ရေး လုပ်ငန်းများတွင် အကျိုးတူပူးပေါင်းဆောင်ရွက်လျက်ရှိသော POSCO Daewoo Corporation (Myanmar E&P) သည် Shwe Phase 2 Development Project အရ ကမ်းလွန်လုပ်ကွက်အမှတ် A-1 တွင် တွင်းတူးဖော်ရေးလုပ်ငန်းအား Semi-submersible rig "OCEAN MONARCH” (Call Sign:V71Y3) ရေယာဉ်ဖြင့် Point A မြောက် လတ္တီတွဒ် ၁၉ ဒီဂရီ ၅၁ မိနစ် ၁၄ ဒသမ ၈၆ စက္ကန့်၊ အရှေ့လောင်ဂျီတွဒ် ၉၂ ဒီဂရီ ၂၀ မိနစ် ၂၀ ဒသမ ၄၇ စက္ကန့်၊ Point B မြောက်လတ္တီတွဒ် ၁၉ ဒီဂရီ ၅၅ မိနစ် ၂၁ ဒသမ ၁၅ စက္ကန့်၊ အရှေ့လောင်ဂျီတွဒ် ၉၂ ဒီဂရီ ၃၃ မိနစ် ၀၆ ဒသမ ၄၀ စက္ကန့်၊ Point c မြောက်လတ္တီတွဒ် ၁၉ ဒီဂရီ ၃၀ မိနစ် ၁၃ ဒသမ ၉၅ စက္ကန့်၊ အရှေ့ လောင်ဂျီတွဒ် ၉၂ ဒီဂရီ ၂၈ မိနစ် ၄၀ ဒသမ ၄၃ စက္ကန့်၊ Point D မြောက် လတ္တီတွဒ် ၁၉ ဒီဂရီ ၃၄ မိနစ် ၃၈ ဒသမ ၈၄ စက္ကန့်၊ အရှေ့လောင်ဂျီတွဒ် ၉၂ ဒီဂရီ ၄၁ မိနစ် ၀၇ ဒသမ ၄၄ စက္ကန့်တို့တွင် (၆-၄-၂၀၂၀) ရက်နေ့မှ (၆-၁-၂၀၂၂) ရက်နေ့အထိ ဆောင်ရွက်သွားမည် ဖြစ်သည်။
သို့ဖြစ်ပါ၍ (၆-၄-၂၀၂၀)ရက်နေ့မှ (၆-၁-၂၀၂၂)ရက်နေ့အထိ လုပ်ငန်းဆောင်ရွက်နေစဉ် လုပ်ငန်းကြန့်ကြာမှု မဖြစ်ပေါ်စေရေးအတွက် အထက်ဖော်ပြပါ တွင်းတူးဖော်မည့်တည်နေရာများမှ ၄ ကီလိုမီတာပတ်လည် အတွင်း ရေကြောင်းသတိပေးချက် (Notice to Mariners)ထုတ်ပြန် ကြေညာထားပါ၍ သင်္ဘောကြီးငယ်များ၊ ကုန်တင်စက်လှေများ၊ ငါးဖမ်း သင်္ဘောများ၊ စက်တပ်သမ္ဗန်များ ဖြတ်သန်းသွားလာခြင်းနှင့် ကျောက်ချ ရပ်နားထားခြင်း၊ ငါးဖမ်းဆီးခြင်း၊ ငါးဖမ်း ကိရိယာများချထားခြင်းများ မပြုလုပ်ကြရန် ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ အသိပေး ကြေညာထားကြောင်း သိရသည်။
သတင်းစဉ်