ရန်ကုန် မတ် ၂၇
ရန်ကုန်တိုင်းဒေသကြီးအတွင်း ခရီးသည်တင် ပြေးဆွဲ နေသည့် YBS ယာဉ်လိုင်းကုမ္ပဏီများမှ YRTA ထံ ပေးသွင်းရသည့် စီမံခန့်ခွဲမှုရန်ပုံငွေကို မတ် ၂၇ ရက်မှ စ၍ ဧပြီ ၃၀ ရက်အထိ တစ်လကျော်ကြာ ကင်းလွတ် ခွင့်ပြုလိုက်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူ ပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) မန်နေဂျင်းဒါရိုက်တာ ဦးအောင်ညီညီမော်က ပြော သည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ခရီးသွားပြည်သူ များ သွားလာရေး အဆင်ပြေစေရန် ပြေးဆွဲပေးနေသော YBS ယာဉ်များအတွက် ထောက်ပံ့ သည့်အနေဖြင့် YRTA သို့ နေ့စဉ်ပေးသွင်းရသောရန်ပုံငွေ YBS ယာဉ်တစ်စီး လျှင် ကျပ် ၄၀၀၀ အား တစ်လကျော်ကြာ ကင်းလွတ် ခွင့်ပြုကြောင်း၊ အဆိုပါ YBS ယာဉ်အစီးရေမှာလည်း တစ်နေ့လျှင် ၄၅၀၀ ခန့် ပြေးဆွဲလျက်ရှိကြောင်း သိရသည်။
"ဒါဟာ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင် ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ အနေနဲ့ YBS ယာဉ်လိုင်းကုမ္ပဏီများကို တစ်ထောင့်တစ်နေရာ ကနေပြီးတော့ ပံ့ပိုးမှုဖြစ်စေအောင် စီစဉ်ဆောင်ရွက် ပေးခြင်းပဲ ဖြစ်ပါတယ်" ဟု ဦးအောင်ညီညီမော်က ပြောသည်။
YBS ယာဉ်လိုင်းကုမ္ပဏီများ အနေဖြင့်လည်း မော်တော်ယာဉ် တစ်စီး ထွက်ခွာမည်ဆိုပါက ခရီးစဉ် မှတ်တမ်းရေးသွင်းခြင်းစသည့် နေ့စဉ် ဆောင်ရွက်ရမည့် လုပ်ငန်းများကို ပုံမှန်အတိုင်း YRTA သို့ သတင်းပေးပို့ ဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရ သည်။
ထို့ပြင် ရန်ကုန်တိုင်းဒေသကြီး အစိုးရဖွဲ့၏ လမ်းညွှန်မှုဖြင့် ရန်ကုန် တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA)အနေဖြင့် YBS ယာဉ်လိုင်း ကုမ္ပဏီများ အခက်အခဲရှိလာပါက ဖြေရှင်းဆောင်ရွက်ပေးရန် စဉ်ဆက် မပြတ် ဆောင်ရွက်နေကြောင်း ၎င်းက ဆက်ပြောသည်။
လက်ရှိ YRTA အနေဖြင့် covID-19 ရောဂါကို တားဆီး ကာကွယ် နိုင်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန် ချက်နှင့်အညီ ဆောင်ရွက်နေပြီး YBS ယာဉ်လိုင်း ကုမ္ပဏီများကလည်း ပူးပေါင်းပါဝင် ဆောင်ရွက်လျက်ရှိ ကြောင်း။
YBS ယာဉ်လိုင်းကုမ္ပဏီများရှိ မော်တော်ယာဉ်များမှာလည်း နေ့စဉ် ပုံမှန်ပြေးဆွဲပေးလျက်ရှိကြောင်း သိရ သည်။
အဆိုပါ coVID-19 ရောဂါ ကို တားဆီးကာကွယ်နိုင်ရန် YBS ယာဉ်လိုင်းကုမ္ပဏီများ အပါအဝင် လူမှုအဖွဲ့အစည်းများနှင့် ပြည်သူ လူထုကလည်း YBS ယာဉ်များပေါ် တွင် coVID-19 ရောဂါအတွက် လိုက်နာရမည့်အချက်များကို စတစ် ကာ ကပ်ခြင်း၊ အသိပညာပေး လက်ကမ်းစာစောင်များ ဝေငှခြင်း၊ YBS ယာဉ်များပေါ်တွင် လက်သန့် ဆေးရည်များထားရှိခြင်း၊ ကားဂိတ်၊ ရထားဂိတ်များတွင်လည်း လက်ဆေး ကန်များထားရှိခြင်း၊ အမှိုက်များကို စနစ်တကျစွန့်ပစ်ခြင်းတို့ကို ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။
လက်ရှိ COVID-19 ရောဂါ ကြိုတင်ကာကွယ်သည့် အနေဖြင့် လူစုလူဝေးများရှိသော လုပ်ငန်း အချို့ ယာယီရပ်နားထားသော်လည်း အခြေခံခရီးသွားပြည်သူများ အသုံး ပြုနေရသည့် YBS ယာဉ်လိုင်းများ ပုံမှန်ပြေးဆွဲ ပေးလျက်ရှိကြောင်း Power Eleven Company မန်နေဂျင်းဒါရိုက်တာ ကိုတရုတ်လေး က ပြောသည်။
““လူစုလူဝေးရှိတဲ့ နေရာတွေမှာ COVID-19 ရောဂါကူးမှာစိုးလို့ ပိတ်တယ်ဆိုရင် YBS ကားတွေပေါ် မှာရော မကူးစက်နိုင်ဘူးလားဆိုတဲ့ ဝေဖန်သံတွေကိုလည်း ရံဖန်ရံခါ ကြားနေရပါတယ်၊ ကျွန်တော်တို့ အခြေခံခရီးသွားပြည်သူလူထုအတွက် YBS ယာဉ်လိုင်းတွေဟာ မရှိမဖြစ် နေ့စဉ်စီးနင်းနေကြရတာပါ။ အဲဒီ အတွက်ကြောင့် YBS ယာဉ်လိုင်းတွေ တော်တော်များများမှာ ကားအတွင်းခန်း သန့်ရှင်းရေးပြုလုပ်တာနဲ့ ခရီး သည်တွေကို ရောဂါကူးစက်မှု မဖြစ်ပွားရအောင် ကားအတွင်းခန်း တွေကို ပိုးသတ်ဆေးတွေနဲ့ ပွတ်တိုက် ပြီး သန့်ရှင်းရေးအပိုင်း ဂရုပြုဆောင် ရွက်လာတာကို တွေ့ရှိရပါတယ်။ oglecossos, Power Eleven Company အနေနဲ့လည်း ကျွန်တော်တို့ရဲ့ ခရီးသွားပြည်သူတွေ ကျန်းမာရွှင်လန်း စွာနဲ့ ခရီးသွားလာနိုင်ဖို့အတွက် COVID-19 ရောဂါကာကွယ်ဖို့နဲ့ ယာဉ်တွေရဲ့ အတွင်းခန်းထဲမှာရှိတဲ့ လေထု ကို သန့်စင်ဖို့အတွက် နေ့စဉ်သန့်ရှင်း ရေး ဆောင်ရွက်လျက်ရှိပါတယ်” ဟု ကိုတရုတ်လေးက ပြောသည်။
လက်ရှိ ရန်ကုန်တိုင်းဒေသကြီး အတွင်း ခရီးသည်တင်ပြေးဆွဲနေသည့် YBS ယာဉ်လိုင်းနံပါတ် ၁၀၀ ကျော် ရှိသည့်အပြင် Airport Shuttle Busi | City Transit တို့ဖြင့် လမ်းကြောင်း ပေါင်း ၁၃၅ ကြောင်းကို တစ်နေ့လျှင် ယာဉ်အစီးရေ ၄၅၀၀ ခန့် ပြေးဆွဲ နေပြီး ခရီးသွားပြည်သူ ၁ ဒသမ ၈ သန်းကို သယ်ယူပို့ဆောင်ပေးနေ ကြောင်း သိရသည်။
ငြိမ်းငြိမ်း