ဗန်းမောက် မတ် ၂၉
စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ဗန်းမောက်မြို့နယ်တွင် COVID - 19 ရောဂါ၊ စောင့်ကြည့်ကြီးကြပ် မြို့အဝင်ဂိတ်များအား စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်းကြီးနှင့် အဖွဲ့ဝင်များက ဗန်းမောက်မြို့နယ်အတွင်း အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ၊ ကာကွယ်၊ ထိန်းချုပ်ရေး၊ မြို့အဝင်စစ်ဆေးရေးဂိတ်ကို ယမန်နေ့ မွန်းလွဲ ၄ နာရီခွဲအချိန်က ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
ကွင်းဆင်းစစ်ဆေးရာတွင် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးသန်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူကြီး သန်းထွန်းအောင်နှင့်အဖွဲ့ဝင်များက ဗန်းမောက်မြို့နယ် အသက်ရှူလမ်းကြောင်း ဆိုင်ရာရောဂါ၊ စောင်ကြည့်ကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များ လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည်ရှုစစ်ဆေးခြင်း၊ သံသယလူနာများ ရှိ/မရှိ မြို့နယ်မှ တာဝန်ရှိသူများကို မေးမြန်းစစ်ဆေးခြင်း၊ ကျန်းမာရေး စစ်ဆေးသည့် ပစ္စည်းများ လိုအပ်ချက်များကို ဖြည့်ဆည်းထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးသန်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်းကြီးနှင့်အဖွဲ့ဝင်များက မြို့နယ်အတွင်းရှိ သံသယရှိလူနာများတွေ့ရှိပါက ထားရှိမည့်နေရာများကို ယနေ့ နံနက်ပိုင်းတွင် ကွင်းဆင်းဆောင်ရွက်ကြောင်း သိရသည်။
ကျော်စွာ(ဗန်းမောက်)