နေပြည်တော် မတ် ၃၀
နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန COVID-19 အသက်ရှူ လမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါ ကာကွယ်၊ထိန်းချုပ်ရေး လုပ်ငန်းအဖွဲ့ ၏ဒုတိယအကြိမ်အစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီတွင် နိုင်ငံခြားရေး ဝန်ကြီးဌာန၌ ကျင်းပပြုလုပ်ရာ အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင် တက်ရောက်သည်။
အဆိုပါအစည်းအဝေးသို့ လုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်း အတွင်းဝန်၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်နှင့် လုပ်ငန်း အဖွဲ့ အဖွဲ့ဝင်များမှ တက်ရောက်ကြ သည်။
အစည်းအဝေးတွင် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးကျော်တင် က အမှာစကားပြောကြားရာတွင် မိမိတို့အနေဖြင့် (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီတွင် အတွင်းရေးမှူး (၁)တာဝန် ယူထားသည့်အလျောက် ပြည်ပမှ (COVID-19) ကူးစက်ပြန့်ပွားမှုများ ကာကွယ်တားဆီး ထိန်းချုပ်ရေးအတွက် နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်ရေး၊ ဝန်ကြီးဌာနများ အကြား ညှိနှိုင်း ဆောင်ရွက်ပေးရေး၊ သံတမန်များအပါအဝင် နိုင်ငံခြားသားများနှင့် ပြည်ပ ရောက် မြန်မာနိုင်ငံသား များအရေးကိစ္စများ ကူညီပံ့ပိုးပေးရေးအတွက် ညှိနှိုင်း ဆောင်ရွက်ပေးလျက် ရှိကြောင်း၊ အမျိုးသား အဆင့် ဗဟိုကော်မတီမှ ချမှတ်ထားသည့် လမ်းညွှန်ချက် များနှင့် ဆောင်ရွက်ရမည့် အစီအမံ များအား အချိန်နှင့်တစ်ပြေးညီ တစ်ဆင့်ပြီးတစ်ဆင့် အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိ ပါကြောင်း၊ ရှေးဦးစွာ ရောဂါကူးစက်ပြန့်ပွားမှုနှုန်း မြင့်မားသည့်နိုင်ငံများမှ လာရောက်မည့် ခရီးသွားများ အတွက် ခရီးသွားလာခြင်း ဆိုင်ရာ ကန့်သတ်မှုများ ထုတ်ပြန်ခြင်း၊ ဆိုက်ရောက် ဗီဇာ(VOA)နှင့် အီလက် ထရောနစ် ဗီဇာ(E-Visa) ထုတ်ပေးမှုရပ်ဆိုင်းခြင်း၊ မည်သည့်နိုင်ငံခြားသား မဆို (COVID-19) ကင်းရှင်း ကြောင်း ဆေးလက်မှတ်ပါမှ ဝင်ခွင့်ပြုခြင်း၊ နယ်စပ်ဂိတ်များမှ တစ်ဆင့် ပြည်ဝင်ဗီဇာဖြင့် မြန်မာနိုင်ငံသို့ လာရောက်မည့် နိုင်ငံခြားသားများအား ပြည်ဝင်ခွင့် ရပ်ဆိုင်းခြင်းစသဖြင့် အဆင့်ဆင့်တားဆီး ပိတ်ပင်မှုနှင့် ကန့်သတ်မှုများ ပြုလုပ်ခဲ့ပြီးနောက် နောက်ဆုံးအခြေအနေအရ မတ် ၂၈ ရက်မှစ၍ ပြည်ပမှ ပြည်တွင်းသို့ ရောဂါကူးစက်မှု အန္တရာယ်မှ တားဆီးဟန့်တား နိုင်ရေးအတွက် ပြည်ဝင်ဗီဇာထုတ်ပေးခြင်းကို လုံးဝရပ်ဆိုင်း ခဲ့ခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီးဖြစ်ပါကြောင်း၊ ထို့အတူ ဆက်လက်၍လည်း နိုင်ငံတကာမှ ကာကွယ်၊ ထိန်းချုပ် ကုသရေး အစီအမံများကို မျက်ခြေမပြတ် စောင့်ကြည့်၍ မြန်မာနိုင်ငံ၏ အခြေအနေနှင့် ကိုက်ညီ မည့် အစီအမံများကို အမျိုးသားအဆင့် ဗဟိုကော်မတီသို့ တင်ပြအကြံပြုဆောင်ရွက် သွားမည်ဖြစ် ပါကြောင်း၊ တစ်ဆက်တည်းမှာပင် နိုင်ငံတကာဆက်ဆံရေးရှုထောင့်မှ စဉ်းစား သုံးသပ်လျက် ရောဂါ ကာကွယ်ရေး အတွက် လိုအပ်သည့် အစီအမံများကိုထိရောက်စွာ ပိုမိုတိုးမြှင့် ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း၊ မြန်မာ နိုင်ငံ အခြေစိုက်သံတမန်များနှင့် ကုသလမဂ္ဂ ဝန်ထမ်းများအား လည်း (COVID-19) နှင့်ပတ်သက်၍ ဆောင်ရွက် နေသည့် အစီအမံများ၊ ၎င်းတို့သိရှိလိုသည့် အချက်များအား စဉ်ဆက်မပြတ် အသိပေးရေး ဆောင်ရွက် ကြရန်နှင့် မိမိတို့ဝန်ကြီးဌာနအတွင်း ဝန်ထမ်းများ၏ ကျန်းမာရေးအတွက် ရောဂါ ကာကွယ်ရေး ဆိုင်ရာ ကြိုတင်ကာကွယ်မှုများ တိုးမြှင့် ပြုလုပ်ကြရန်၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန် ထားသည့် လမ်းညွှန်ချက်များနှင့် ညွှန်ကြားချက်များကို ဝန်ထမ်းတစ်ဦးချင်းစီမှ တိတိကျကျလိုက်နာ ဆောင်ရွက်ရန်၊ မိမိတို့၏ မိသားစုများ၊ မိမိတို့ရုံး၏လူမှုအသိုက်အဝန်း ကိုလည်း လက်ဆင့်ကမ်းအသိပညာ ပေးမှုများ ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်းဖြင့် ပြောကြားသည်။
ဆက်လက်၍ လုပ်ငန်းအဖွဲ့ကော်မတီဥက္ကဋ္ဌ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် က အမျိုးသား အဆင့် ဗဟိုကော်မတီ၏ လမ်းညွှန်ချက်များနှင့်အညီ အကောင်အထည်ဖော်ဆောင် ရွက်ထားရှိမှု အခြေအနေ များကို ရှင်းလင်းတင်ပြပြီး တက်ရောက်လာကြသည့် ညွှန်ကြားရေးမှူး ချုပ်များနှင့် အဖွဲ့ဝင်များက သက်ဆိုင် ရာ အခန်းကဏ္ဍအလိုက် ဆွေးနွေးတင်ပြခဲ့ကြရာ ကမ္ဘာ့နိုင်ငံ အသီးသီးမှ ဆောင်ရွက်လျက်ရှိသည့် (COVID-19) ရောဂါကာကွယ် ထိန်းချုပ်ရေးဆိုင်ရာ အစီအမံ များနှင့် (COVID-19) ရောဂါပြန့်ပွားမှုနှင့်အတူ ဖြစ်ပေါ် လာသော စီးပွားရေး ဂယက် ရိုက်ခတ်မှု များကြောင့် နိုင်ငံအလိုက် စီးပွားရေးလုပ်ငန်းများ ထိခိုက်မှု အခြေ အနေ၊ စီမံဖြေရှင်း ဆောင်ရွက် လျက်ရှိသည့်အစီအမံများနှင့်စပ်လျဉ်း၍ လေ့လာသုံးသပ်၍ မြန်မာနိုင်ငံ အနေ ဖြင့် ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်မည့်အစီအမံများအား အမျိုးသားအဆင့် ဗဟိုကော်မတီသို့ စုစည်း တင်ပြ ရေး၊ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် လိုအပ်သော နိုင်ငံခြား အကူအညီများရရှိရေး အတွက် သက်ဆိုင်ရာ သံရုံးများ၊ အဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင်ရွက်ရေး၊ မြန်မာနိုင်ငံ အတွင်း ရောက်ရှိနေသာ နိုင်ငံခြား သားများအား ၎င်းတို့၏ သက်ဆိုင်ရာနိုင်ငံများသို့ ထွက်ခွာရေးအစီ အစဉ်များ ဆောင်ရွက် ပေးရာ တွင် လေယာဉ်ဖြတ်ကျော် ပျံသန်းခွင့်ရရှိရေး အပါအဝင်လိုအပ်သည့် အကူအညီများပံ့ပိုးပေးရေး၊ နိုင်ငံ ခြားရေး ဝန်ကြီးဌာနနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက် ရေးဝန်ကြီးဌာနမှ ဝန်ထမ်းများနှင့် မိသားစု များအား ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန၏ ညွှန်ကြားချက်များနှင့်အညီ လိုက်နာ စေရန်အတွက် အမိန့် ညွှန်ကြားချက်များထုတ်ပြန်ခြင်း၊ အသိပညာပေးခြင်း၊ ရောဂါကူးစက်ပြန့်ပွားမှု တားဆီး ကာကွယ်ရေး အထောက်အကူပြုပစ္စည်းများ ပစ္စည်းများ ထောက်ပံ့ခြင်း တို့ကို ဆောင်ရွက်ရေး၊ လုပ်ငန်းအဖွဲ့၏လုပ်ငန်း တာဝန် များကို ထိထိ ရောက်ရောက် အကောင်အထည်ဖော် ဆောင်ရွက် ရေးအတွက် စနစ်ကျသည့် အစီအမံ များ ချမှတ် ရေးတို့ကို ဆောင်ရွက် သွားရန် ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)