၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)ချုပ်ဆိုခြင်း (၇)နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုကော်မတီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က Video Message ဖြင့်ပြောကြားမည့် မိန့်ခွန်းအပြည့်အစုံအား မြန်မာ့အသံနှင့်ရုပ်မြင်သံကြား MRTV-HD ၊ MRTV News ၊ MRTV NRC ၊ မြဝတီရုပ်မြင်သံကြား MWD HD ၊ MWD Variety ၊ MWD Education, Knowledge and Sports ၊ MRTV Website မြန်မာ့အသံရေဒီယို၊ ရွှေ FM ၊ ပတ္တမြား FM ၊ ချယ်ရီ FM ၊ FM ပုဂံ၊ မန္တလေး FM ၊ ပဉ္စ၀တီ FM နှင့် သဇင် FM တို့တွင် အခမ်းအနားကျင်းပချိန် နံနက် ၉ နာရီ၌ တစ်ပြိုင်တည်း ထုတ်လွှင့်ပြသပေးသွားမည်ဖြစ်ပါကြောင်း မိဘပြည်သူများအား လေးစားစွာ ကြိုတင်အသိပေးအပ်ပါသည်။