နေပြည်တော် ဇန်နဝါရီ ၈
ရေရှည်တည်တံ့မည့် လူမှုဘဝ မြှင့်တင်ရေး လုပ်ငန်းကော်မတီ အစည်းအဝေးကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ သင်္ဂဟဟိုတယ်၌ ကျင်းပသည်။
အစည်းအဝေးသို့ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့၊ တွဲဖက်အတွင်းရေးမှူး မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့၊ တပ်ဖွဲ့မှူး ရဲမှူးချုပ်ဝင်းနိုင်နှင့်အတူ ရေရှည်တည်တံ့မည့် လူမှုဘဝမြှင့်တင်ရေးလုပ်ငန်း ကော်မတီမှ အဖွဲ့ဝင်များ၊ UNODC မှ Country Manager, Mr. Troel Vester ဦးဆောင်သော ကိုယ်စားလှယ်များ၊ ဂျာမနီနှင့် ဖင်လန်နိုင်ငံသံရုံးများမှ ကိုယ်စားလှယ်များနှင့် အခြားဖိတ်ကြားထားသူများ တက်ရောက်သည်။
အစည်းအဝေးတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ တပ်ဖွဲ့မှူး ရဲမှူးချုပ်ဝင်းနိုင်က အဖွင့်အမှာစကားပြောကြားပြီး UNODC မှ Country Manager, Mr. Troels Vester က အစားထိုးဖွံ့ဖြိုးရေးစီမံကိန်းများအပေါ် ပူးပေါင်းဆောင်ရွက်မှုအခြေအနေများ ရှင်းလင်းဆွေးနွေးသည်။
ယင်းနောက် Mr. German Riveros (UNODC, Rural Development and Coffee Production Expert, Taunggyi) က ၂၀၁၉ ခုနှစ်၊ လုပ်ငန်းဆောင်ရွက်ပြီးစီးမှုနှင့် ၂၀၂၀ ပြည့်နှစ်အတွက် လုပ်ငန်းဆောင်ရွက်မည့်အစီအစဉ်များ ရှင်းလင်းဆွေးနွေးပြီး တက်ရောက်လာသည့် ဌာနဆိုင်ရာကိုယ်စားလှယ်များက ဆွေးနွေးခြင်းနှင့် UNODC မှ Country Manager , Mr. Troels Vester m fotais အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်