နေပြည်တော် ဇန်နဝါရီ ၈
၂၀၂၀ ပြည့်နှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် စက်ဘီးပြိုင်ပွဲများကို ယနေ့ နံနက် ၇ နာရီတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိဘောလုံးကွင်းရှေ့ ဝဏ္ဏသိဒ္ဓိလမ်းတွင် ဆက်လက်ကျင်းပသည်။
ယနေ့ ပြိုင်ပွဲများအဖြစ် အမျိုးသမီး မီတာ ၃၀၀၀ တစ်ဦးချင်းပြိုင်ပွဲ၊ အမျိုးသား မီတာ ၃၀၀၀ တစ်ဦးချင်းပြိုင်ပွဲ၊ အမျိုးသမီး ၉ ကီလိုမီတာ နောက်ကျန်ထွက်ပြိုင်ပွဲ၊ အမျိုးသား ၁၅ ကီလိုမီတာနောက်ကျန်ထွက်ပြိုင်ပွဲများ ကျင်းပခဲ့သည်။
အမျိုးသမီး မီတာ ၃၀၀၀ တစ်ဦးချင်းစက်ဘီးပြိုင်ပွဲတွင် ပထမ ခင်နှင်းဝေ (မကွေး)၊ ဒုတိယ သင်းကလျာစိုး (မန္တလေး) ၊ တတိယ စိုးစန္ဒာဝင်း (တနင်္သာရီ) ၊ အမျိုးသား မီတာ ၃၀၀၀ တစ်ဦးချင်းစက်ဘီး ပြိုင်ပွဲတွင် ပထမ ရှိုင်းထက်အောင် (မန္တလေး)၊ ဒုတိယ ညီညီအောင် (ရန်ကုန်)၊ တတိယ သူရနိုင် (မကွေး)၊ အမျိုးသမီး ၉ ကီလိုမီတာ နောက်ကျန်ထွက် စက်ဘီးပြိုင်ပွဲတွင် ပထမခင်နှင်းဝေ (မကွေး)၊ ဒုတိယ ရွှေဇင်ပုလဲ(မကွေး)၊ တတိယ စိုးစန္ဒာဝင်း (တနင်္သာရီ)၊ အမျိုးသား (၁၅) ကီလိုမီတာ နောက်ကျန်ထွက် စက်ဘီးပြိုင်ပွဲတွင် ပထမ ကောင်းစည်သူ (ပဲခူး)၊ ဒုတိယ ရန်နိုင်ထက် (တနင်္သာရီ)၊ တတိယ ဆန်းသိန်းထက် (တနင်္သာရီ) တို့က အနိုင်ရရှိသွားကြောင်းသိရသည်။
သတင်းစဉ်