နေပြည်တော် ဇန်နဝါရီ ၈
လက်နက်ကိုင် ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် ကြီးလေးသောကျူးလွန်မှုများမှ ကာကွယ်တားဆီးရေး လုပ်ငန်းကော်မတီ (Core Group)နှင့် UNCTFMR တို့ တွေ့ဆုံညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် Core Group ခေါင်းဆောင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည် ထူထောင်ရေးဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဦးဝင်းနိုင်ထွန်းက လက်နက်ကိုင်ပဋိပက္ခအတွင်းကလေး သူငယ်များအပေါ် သေကျေထိခိုက် ဒဏ်ရာရစေမှုနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ကျူးလွန်မှုများ ကာကွယ် တားဆီးနိုင်ရေး အမျိုးသားအဆင့်လုပ် ငန်းစီမံချက်အဆင့်ဆင့် ညှိနှိုင်းရေး ဆွဲထားမှုကို ရှင်းလင်းပြောကြားသည်။
ယင်းနောက် အမျိုးသားအဆင့် လုပ်ငန်းစီမံချက်အပေါ် လုပ်ငန်း ကော်မတီ (Core Group) အဖွဲ့နှင့် UNCTFMR အဖွဲ့ဝင်များအကြား အပြန်အလှန်ဆွေးနွေးကြသည်။
အစည်းအဝေးသို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုရှေ့နေချုပ်ရုံးတို့မှ လုပ်ငန်းကော်မတီအဖွဲ့ဝင်များနှင့် ဒေါက်တာစုစုသာထွန်း (UNRC, Technical Co-chair of UNCTFMR) နှင့် Ms. Cecile Marchand (UNICEF) ဦးဆောင်သော UNCTFMR ဘက်မှ ကိုယ်စားလှယ်အဖွဲ့ဝင်များ တက်ရောက်ဆွေးနွေးကြကြောင်း သိရသည်။
သတင်းစဉ်