Skip to main content

၂၀၁၉-၂၀၂၀ ပညာသင်နှစ် စစ်ကိုင်းတိုင်းဒေသကြီး ပညာရေးစုံညီပွဲတော် အခမ်းအနား တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင် တက်ရောက်

မုံရွာ   ဇန်နဝါရီ   ၉

၂၀၁၉-၂၀၂၀ ပညာသင်နှစ်၊ စစ်ကိုင်းတိုင်းဒေသကြီး ပညာရေးစုံညီပွဲတော်ကို မုံရွာမြို့၊ မြို့တော်ခန်းမတွင် ယနေ့ နံနက်(၉)နာရီက ကျင်းပရာ အခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ ထူးချွန်ဆုရ ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ၊ ဆရာမများ၊ မြို့ပေါ်ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ များနှင့် မိဘများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်၊ စစ်ကိုင်းတိုင်းဒေသကြီး ပညာရေးစုံညီပွဲတော်ဆိုင်းဘုတ် မုခ်ဦးအား တိုင်းဒေသကြီးအတွင်းရှိ ထူးချွန်ဆုရ ကျောင်းသား၊ ကျောင်းသူများမှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်၊  တာဝန်ရှိသူများနှင့်အတူ အဆိုပါမုခ်ဦးရှေ့တွင် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြပြီး မြို့တော်ခန်းမအတွင်း ခင်းကျင်းပြသထားသော ပညာရေးဆိုင်ရာ ပြခန်းများကို လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။

ဆက်လက်ပြီး မြို့တော်ခန်းမအတွင်း ပညာရေးထူးချွန်ဆုပေးပွဲကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က အမှာစကားပြောကြားပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝင်ဝန်ကြီးများနှင့်အတူ ၂၀၁၉ -၂၀၂၀ ပညာသင်နှစ်အတွင်း ကျင်းပခဲ့သော အထိမ်းအမှတ်ပြိုင်ပွဲများနှင့်  နိုင်ငံတော်ဗဟိုအဆင့်၊ တိုင်းဒေသကြီးအဆင့် ပညာရေးဆိုင်ရာ၊ အားကစားဆိုင်ရာ ပြိုင်ပွဲများတွင်  ဆုရကျောင်းသား၊ ကျောင်းသူများကို ဂုဏ်ပြုဆုများနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများအားလည်းကောင်း အသီးသီးပေးအပ် ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ဝင်းဦး(ဇေယျာတိုင်း)