Skip to main content

မြန်မာနိုင်ငံ၏​ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီ​သော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (MSDP) ၊ စီမံကိန်းဘဏ် (Project Bank) ဆိုင်ရာ ရှင်းလင်း​ဆွေး​နွေးပွဲ အခမ်းအနားသို့ ချင်းပြည်နယ် ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ် တက်ရောက်

ဟားခါး ဇန်နဝါရီ ၉

နိုင်ငံတော်စီးပွားရေးရာ ပေါင်းစပ်ညှိနှိုင်းရေး ကော်မတီရုံး၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ မြန်မာဖွံ့ဖြိုးမှုအဖွဲ့အစည်းနှင့် Renaissance Institute နှင့် ချင်းပြည်နယ်အစိုးရအဖွဲ့တို့ ပူးပေါင်းကျင်းပသည့် မြန်မာနိုင်ငံ၏​ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီ​သော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (MSDP) ၊ စီမံကိန်းဘဏ် (Project Bank) ဆိုင်ရာ ရှင်းလင်း​ဆွေး​နွေးပွဲနှင့် စီမံကိန်းအဆိုပြုလွှာပုံစံ ဖြည့်စွက်ခြင်းဆိုင်ရာ ရှင်းလင်းပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က ချင်းပြည်နယ်ဟားခါးမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ဗိုလ်တိုက်ချွန်းခန်းမ၌ ကျင်းပပြုလုပ်ရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ် တက်ရောက်၍ အမှာစကား​ပြောကြားသည်။

ဆက်လက်၍ Myanmar Development Institute (MDI) မှ  Senior Policy Specialist ​ဒေါ်သီဒါနွဲ့က စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် သတင်းအချက်အလက်များရရှိစေရေး၊ မြန်မာနိုင်ငံအတွက် ရေရှည်တည်တံ့ပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းများနှင့်  စီမံကိန်းဘဏ်ဆိုင်ရာလုပ်ငန်းအချက်အလက်များနှင့်ပတ်သတ်၍ အကျယ်တဝင့် ရှင်းလင်း​ဆွေး​နွေးပြီး​နောက် Myanmar Development Institute (MDI)မှ  Project Evaluation Specialist ​ဒေါက်တာစိုးခိုင် က စီမံကိန်းအဆိုပြုလွှာ ဖြည့်စွက်ခြင်းများနှင့် ပတ်သက်၍ တိကျမှန်ကန်​သော ဖွံ့ဖြိုးမှုများနှင့် မြန်မာနိုင်ငံ၏ရေရှည်တည်တံ့ခိုင်မြဲပြီးဟန်ချက်ညီ​သောဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းများထွက်​ပေါ်လာ​ရေး ဖြည့်စွက်ရမည့်စီမံကိန်း အဆိုပြုလွှာပါပုံစံအချက်အလက်များနှင့် ပတ်သက်၍ အကျယ်တဝင့် ရှင်းလင်းဆွေးနွေးသည်။

ထို့နောက် တက်ရောက်လာကြသူများက စီမံကိန်းဘဏ်၊ စီမံကိန်းရှင်းလင်းဆွေနွေးခြင်းများနှင့်ပတ်သက်၍ သိရှိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေး ခဲ့ကြပါသည်။ ယင်းနောက် ချင်းပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်က Myanmar Development Institute (MDI) မှ တာဝန်ရှိသူများနှင့် စီမံကိန်းရေး ဆွဲရေးဦးစီးဌာနရုံးချုပ်မှ တာဝန်ရှိသူများကို အမှတ်တရလက်ဆောင်ပစ္စည်းများပေးအပ်ခဲ့ကြောင်း ၊ အဆိုပါ ရှင်းလင်းဆွေးနွေးပွဲအခမ်းအနားသို့ ချင်းပြည်နယ် ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတိုးဝင်းနှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာန ဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။

မြင့်နိုင်စိုး(ပြန်/ဆက်)