နေပြည်တော် ဇန်နဝါရီ ၉
မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့၊ ပြန်လည်ထူထောင်ရေး လုပ်ငန်းအဖွဲ့ ဝင်များ အကြို ညှိနှိုင်း အစည်းအဝေး ကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန စုပေါင်းခန်းမ၌ ယမန်နေ့က ကျင်းပသည်။
ပြန်လည်ထူထောင်ရေးလုပ်ငန်း အဖွဲ့အတွင်းရေးမှူး၊ ပြန်လည် ထူထောင်ရေး ဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ဦးဝင်းနိုင်ထွန်းက ယခုအခါ မူးယစ်ပြန်လည်ထူထောင်ရေး (၃) လ သင်တန်းများကို အချို့ပြည်နယ် နှင့် တိုင်းဒေသကြီးများတွင် စဉ်ဆက် မပြတ် ဖွင့်လှစ်ဆောင်ရွက်လျက်ရှိနေ ပြီးဖြစ်ပါကြောင်း၊ မူးယစ်ဆေးစွဲသူ အမျိုးသမီးများ ပြန်လည်ထူထောင် ရေးအတွက် လားရှိုးပြန်လည် ထူထောင်ရေးစခန်း၌ သင်တန်း ဖွင့်လှစ်နိုင်ရန် ရှမ်းပြည်နယ် အစိုးရ နှင့် ပူးပေါင်းစီစဉ်ဆောင်ရွက်လျက် ရှိကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်တာဝန်ရှိသူများ၏ အကူအညီ တောင်းခံချက်အရ မိမိတို့ ပြန်လည်ထူထောင်ရေးဦးစီးဌာန၏ ပြန်လည်ထူထောင်ရေး စခန်းများတွင် ယခုထက် သင်တန်းအကြိမ်ရေ တိုးမြှင့်ဖွင့်လှစ်ပေးနိုင်ရန် ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း ပြော ကြားသည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသော အသေးစား စက်မှုလက်မှုလုပ်ငန်း ဦးစီးဌာန၊ အလုပ်သမား ညွှန်ကြားရေး ဦးစီးဌာန၊ နည်းပညာနှင့် သက်မွေးပညာ ဦးစီး ဌာန၊ ကုသရေးဦးစီးဌာန၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မူးယစ် ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့တို့က ကဏ္ဍအလိုက် ဝိုင်းဝန်းဆွေးနွေး အကြံပြုကြ သည်။
သတင်းစဉ်