နေပြည်တော် မေ ၁၅
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီးမင်းအောင်လှိုင်သည် ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများ၊ ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် စောသန်းလှိုင်နှင့် အဖွဲ့ဝင်များနှင့်အတူ တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့ရှိ မြို့မိ၊ မြို့ဖများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများအား ယမန်နေ့ မွန်းလွဲပိုင်းတွင် ထားဝယ်လေဆိပ်၌ တွေ့ဆုံကာ COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်း အထောက်အကူပြု ပစ္စည်းများအား ပေးအပ်လှူဒါန်းသည်။
တက်ရောက်
အဆိုပါတွေ့ဆုံပွဲသို့ ထားဝယ်မြို့ လောကမာရဇိန် ဘုရားကြီးမှ ဂေါပကအဖွဲ့ဝင်များ၊ မြို့မိ၊ မြို့ဖများ၊ ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန၊ ထားဝယ်တက္ကသိုလ်၊ အားကစားနှင့် ကာယပညာ ဦးစီးဌာန၊ ရေအရင်းအမြစ်နှင့် ဆည်မြောင်းဦးစီးဌာနတို့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
တွေ့ဆုံစဉ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမှာစကားပြောကြားသည်။ ထို့နောက် မြို့မိ၊ မြို့ဖများနှင့် တက်ရောက်လာကြသူများ၏ ဒေသဖွံ့ဖြိုးရေးဆိုင်ရာများအား ဆွေးနွေး တင်ပြမှု အပေါ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြန်လည်ဆွေးနွေးပြောကြားပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် က မြို့ပြည်သူလူထုအတွက် COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းအထောက်အကူပြုပစ္စည်း များဖြစ်သည့် Surgical Masks အခု ၂၀၀၀၀၊ Surgical Gloves အစုံ ၃၀၀၀၊ N 95 Mask အခု ၅၀၀၊ Non-Contact Thermometer အခု ၅၀၊ Hand Gel(500 ml) ဘူး ၁၅၀၊ Hand Sanitizer(500 ml) ဘူး ၁၅၀၊ Bleaching Powder နှစ်ပုံး၊ တပ်မတော်စက်ရုံမှ ထုတ် လုပ်သည့် Masks အခု ၅၀၀၀ နှင့် စားသောက် ဖွယ်ရာများအား ထောက်ပံ့ပေးအပ်ရာ မြို့မိ၊ မြို့ဖများက လက်ခံရယူကြသည်။
လက်ခံရယူ
ထို့နောက် ထားဝယ်မြို့ပြည်သူ့ဆေးရုံ ကြီးအတွက် Surgical Masks အခု ၁၀၀၀၀၊ Personal Protective Equipment (PPE) ဝတ်စုံ ၅၀၀၊ Surgical Gloves အစုံ ၂၀၀၀ ၊ N 95 Mask အခု ၃၀၀ ၊ Examination Gloves အစုံ ၃၀၀၊ Hand Gel(500 ml)) ဘူး ၁၀၀၊ Hand Sanitizer (500 ml) ဘူး ၁၀၀၊ Bleaching Powder တစ်ပုံး၊ Pulse Oxymeter(Finger Tip)သုံးဘူး၊ တပ်မတော်စက်ရုံမှ ထုတ်လုပ် သည့် Masks အခု ၅၀၀၀ နှင့် စားသောက်ဖွယ် ရာများအား ပေးအပ်လှူဒါန်းရာ ထားဝယ်မြို့ ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ ဒေါက်တာထွန်းမင်းနှင့် ပြည်သူ့ဆေးရုံ ဆေးရုံ အုပ်ကြီး ဒေါက်တာမျိုးမင်းတို့က လက်ခံရယူ ကြသည်။
ပေးအပ်လှူဒါန်း
မွန်းလွဲပိုင်းတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် ထားဝယ်မြို့ ရွှေဝယ်သီရိ ပညာ့ဗိမာန်စာကြည့်တိုက်သို့ ရောက်ရှိပြီး e-Library၊ စာဖတ်ခန်းနှင့် သုတ ရသစာအုပ်များ ထားရှိမှုကို လိုက်လံကြည့်ရှု ကာ စာကြည့်တိုက်အတွက် သုတ၊ ရသ စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းသည်။
ထို့နောက် တနင်္သာရီတိုင်းဒေသကြီး ကျက်သရေဆောင် ထားဝယ်မြို့ လောကမာရဇိန်ရုပ်ပွားတော်မြတ်ကြီးနှင့် ရွှေတောင်စား စေတီတော်မြတ်ကြီးအား သွားရောက်ဖူးမြော် ကြည်ညိုပြီး ဘက်စုံ အလှူငွေများ ပေးအပ် လှူဒါန်းကြသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် နံနက်ပိုင်းကလည်း ဟိန်းဇဲ မြို့နယ်ရှိ မောရဝတီရေတပ်စခန်းဌာနချုပ်သို့ သွားရောက်စစ်ဆေးပြီး ကမ်းရိုးတန်းဒေသ များတွင် ရေတိုက်စား မှုများကို ကာကွယ်ရန်အတွက် လမုပင်(Manrove) နှင့် အုန်းပင်များကို အတန်းလိုက်စိုက်ပျိုး၍ ကာကွယ်ရန် လိုကြောင်းနှင့် အခြားလိုအပ်သည်များ မှာကြားကာ ဟိန်းဇဲနယ်မြေအတွင်း မော်တော်ယာဉ်များဖြင့် လှည့်လည်ကြည့်ရှု ခဲ့ကြကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
သတင်းစဉ်