Skip to main content

ပြန်ကြားရေးဝန်ကြီး ဒေါက်တာဖေမြင့် စာပေမူပိုင်ခွင့်ဆိုင်ရာ စုပေါင်းစီမံခန့်ခွဲသည့် အဖွဲ့အစည်းများ (CMOs) ဖွဲ့စည်းဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေး တက်ရောက်

ရန်ကုန် ဇူလိုင် ၄

ပြန်ကြားရေးဝန်ကြီး ဒေါက်တာဖေမြင့်သည် ယနေ့နံနက် ၁၀ နာရီက ရန်ကုန်မြို့၊ ဗိုလ်တထောင်မြို့နယ်၊ သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေး ဦးစီးဌာန၊ ဗဟိုပုံနှိပ်စက်ရုံ၊ အစည်းအဝေး ခန်းမ၌ ကျင်းပသော စာပေမူပိုင်ခွင့်ဆိုင်ရာ စုပေါင်း စီမံခန့်ခွဲသည့် အဖွဲ့အစည်းများ (CMOs) ဖွဲ့စည်းဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက် အဖွင့် အမှာစကား ပြောကြားခဲ့သည်။

ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနခေတ္တညွှန်ကြားရေးမှူးချုပ် ဦးအေးကြွယ်က စာပေမူပိုင်ခွင့်ဆိုင်ရာ စုပေါင်း စီမံခန့်ခွဲသည့် အဖွဲ့အစည်းများ (CMOs) ဖွဲ့စည်းရေးဆိုင်ရာ ကိစ္စများကို ရှင်းလင်းဆွေးနွေးပြီး အခမ်းအနား တက်ရောက်လာသူများက သိရှိလိုသည်များကို ရှင်းလင်းဆွေးခဲ့ကြသည်။

ထို့နောက် အထွေထွေဆွေးနွေးတင်ပြကြပြီး၊ ပြန်ကြားရေးဝန်ကြီး ဒေါက်တာဖေမြင့်က ဆွေးနွေးမှုနှင့် ပတ်သက်၍ နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ကြောင်း သိရှိရသည်။

အောင်မြင့်(ပြန်/ဆက်)