Skip to main content

AA အကြမ်းဖက်သောင်းကျန်းသူ အမာခံနှစ်ဦး ဖမ်းဆီးရမိ

နေပြည်တော် ဩဂုတ် ၄

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်၌ AA အကြမ်းဖက်သောင်းကျန်းသူ အမာခံနှစ်ဦး ဖမ်းဆီးရမိကြောင်း တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါသတင်းထုတ်ပြန်ချက်တွင် ကျောက်ဖြူမြို့နယ် ကြံချိုင်ကျေးရွာနေ ဦးစံသိန်းတင် (ခ) ဘေထုပ် (၅၇ နှစ်) သည် AA အကြမ်းဖက်သောင်းကျန်းသူတို့၏ စေခိုင်းချက်အရ ကြံချိုင်ကျေးရွာမှ ဆက်ကြေးကောက်ခံပေးနေကြောင်း အခြားသတင်းများအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဇူလိုင် ၃၁ ရက် မွန်းလွဲ ၂ နာရီတွင် ၎င်းအားသွားရောက်ဖမ်းဆီးခဲ့ကြောင်း၊ စစ်ကြော မေးမြန်းချက်အရ ကွင်းဆက်အမာခံဖြစ်သူ စီမော်ကျေးရွာနေ ဦးခင်ညွန့် (၃၈ နှစ်) အား ဩဂုတ် ၁ ရက် မွန်းလွဲ ၂ နာရီခွဲခန့်တွင် ၎င်း၏ နေအိမ်၌ သွားရောက်ဖမ်းဆီးခဲ့ကြောင်း။

စံသိန်းတင် (ခ) ဘေထုပ်မှာ AA အကြမ်းဖက်သောင်းကျန်းသူများအတွက် ၂၀၁၈ ခုနှစ်အတွင်း ဇွန်လ၊ ဩဂုတ်လနှင့် စက်တင်ဘာလများအတွက်ပါ ကြံချိုင်ကျေးရွာမှ ဆက်ကြေးကောက်ခံပြီး ပေးအပ်ခဲ့ရကြောင်း၊ ခင်ညွန့်မှာ AA အကြမ်းဖက်သောင်း ကျန်းသူများအတွက် ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ၊ မတ်၊ ဧပြီနှင့် မေလများတွင် ဆက်ကြေးကောက်ခံပေးရသည်ဟု ဝန်ခံထွက်ဆိုခဲ့ကြကြောင်း ဖော်ပြထားသည်။

အဆိုပါ AA အကြမ်းဖက်သောင်းကျန်းသူ အမာခံများဖြစ်သော စံသိန်းတင်နှင့်ခင်ညွန့်တို့အား လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာသို့ လွှဲပြောင်းအပ်နှံသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်