ရန်ကုန် သြဂုတ် ၅
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် အမေရိကန်-အာဆီယံ စီးပွားရေးကောင်စီအဖွဲ့ ဥက္ကဋ္ဌ Mr.Alexander C. Feldman ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့တို့သည် သြဂုတ်လ ၄ ရက် ၊ နံနက် ၁၀ နာရီ၌ Virtual Meeting ဖြင့် တွေ့ဆုံရာ ဝန်ကြီးချုပ်က ဝန်ကြီးချုပ်အိမ်တော်မှတွေ့ဆုံဆွေးနွေးသည်။
ဆွေးနွေးပွဲတွင် ကိုဗစ် - ၁၉ အလွန် စီးပွားရေး ပြန်လည်ထူထောင်ရေး၊ အသေးစားနှင့် အလတ်စား လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် ရေး ၊ စိုက်ပျိုးရေး ၊ လျှပ်စစ်စွမ်းအင်နှင့် ဆက်သွယ်ရေးကိစ္စရပ်များ ၊ လူငယ်များ လူ့စွမ်းအားအရင်း အမြစ်ဖွံ့ဖြိုး တိုးတက်ရေး များ၊ ပြည်တွင်းပြည်ပ ခရီးသွားကဏ္ဍ ဆောင်ရွက်မှုအခြေ အနေနှင့်စက်ရုံ အလုပ်ရုံများ ပုံမှန်လည်ပတ်မှု အခြေအနေများ၊ ပြည်ပမှလာရောက် ရင်းနှီးမြုပ်နှံမှုအခြေအနေများနှင့်ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်မှုများတွင်အမေရိကန်- အာဆီယံ စီးပွားရေး ကောင်စီမှ ထောက်ပံ့ကူညီ ဆောင်ရွက်ပေးမည့် အစီအစဉ်များအား ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံဆွေးနွေးပွဲသို့ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ အမေရိကန်-အာဆီယံ စီးပွားရေးကောင်စီ ဥက္ကဋ္ဌ Mr. Alexander C.Feldman ၊ ဒုတိယဥက္ကဋ္ဌ နှင့်ဒေသတွင်းဦးဆောင်ညွှန်ကြားရေးမှူးဖြစ်သူ Mr.Michael Michalak ၊ မြန်မာကော်မတီ၏ ဥက္ကဋ္ဌ ကုမ္ပဏီဖြစ်သော Chevron ရေနံကုမ္ပဏီတို့မှ ဦးဆောင်သည့်အကြီးတန်း မစ်ရှင်အဖွဲ့မှတာဝန်ရှိသူများ ပါဝင်ဆွေးနွေး ခဲ့ကြကြောင်း သိရသည်။
ဆန်းကျော်ဦး (ပြန်/ဆက် )