မြစ်ကြီးနား သြဂုတ် ၅
ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့၊ ရှမ်းစုမြောက်ရပ်ကွက်အတွင်းနှင့် ကချင်စုရပ်ကွက်တွင်း လမ်းသွယ်များ အဆင့်မြှင့်တင် ဆောင်ရွက်ပေးနိုင်ရေးကို ယနေ့ နံနက်ပိုင်းတွင် ကွင်းဆင်းကြည့်ရှုခဲ့သည်။
ပြည်နယ်ဝန်ကြီးချုပ်သည် ရှမ်းစုမြောက်ရပ်ကွက်၊ ဝန်းသိုကျောင်းတိုက်၌ ကျောင်းထိုင်ဆရာတော်အား ဖူးမျှော်ကြည်ညိုပြီး ကျောင်းတိုက်အတွင်းလမ်းနှင့် ဘုန်းကြီးကျောင်းဘေး ဝဲ/ယာရှိ နိုင်ငံဂုဏ် ရည်လမ်း ပေ(၄၈၀)နှင့် ဝန်းသိုကျောင်းလမ်း ပေ(၂၅၀)တို့အား လမ်းသားချဲ့ထွင် ခြင်း၊ ကတ္တရာလမ်းခင်း ပေးနိုင်ရေးအတွက် တာဝန်ရှိသူများနှင့် ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက် ကချင်စုရပ်ကွက်၊ ဆီမားဘုံကျောင်း၌ ရပ်မိ/ရပ်ဖများနှင့် တွေ့ဆုံပြီး ရပ်ကွက်အတွင်းရှိ အဓိကလမ်းအပါအဝင် လမ်းသွယ်များ အဆင့်မြှင့်တင်ဆောင်ရွက်ပေးနိုင်ရေး၊ ရေကျော်သည့် နေရာများတွင် ရေတားပေးနိုင်ရေး၊ အ.ထ.က(၁၇) ကျောင်းဆောင်သစ် ဆောက်လုပ်နိုင်ရေး တင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က မိမိတို့အစိုးရအနေဖြင့် ရပ်ကွက်တွင်း လမ်းများ အဆင့်မြှင့်တင် ဆောင်ရွက်ပေးရာတွင် ပြည်သူများဝန်ထုပ်ဝန်ပိုး မဖြစ်စေဘဲ ဘဏ္ဍငွေရရှိမှုအပေါ် ခွဲဝေလျာထားပြီး ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း ပြောကြားပြီး ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ရပ်ကွက်တွင်း အဓိကလမ်းမအပါအဝင် လမ်းသွယ်များကို ကတ္တရာလမ်း ခင်းကျင်းပေးနိုင်ရေး မြေပြင်အခြေအနေ ကွင်းဆင်းတိုင်းတာ စစ်ဆေး၍ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေးကိစ္စများကို ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
ပြည်နယ်(ပြန်/ဆက်)